°12°

18K 1.4K 92
                                    

ရှောင်းကျန့် အစောကထဲက ချွတ်ခဲ့သည့် အဝတ်အစားတွေကို ထိုအတိုင်း ထားခဲ့ပြီး ဘောင်းဘီသာ ကောက်ဝတ်ခဲ့ကာ ဟိုကောင်တွေဆီ ထွက်လာခဲ့သည်။

စားပွဲပေါ်က ဆေးလိပ်ကို ကောက်ယူကာ မီးညှိလိုက်ပြီး တစ်ချက်ရှိုက်ဖွာလိုက်သည်။ ဟိုကောင်တွေကလဲ ဆေးလိပ်သောက်ရင်း သူ့ကိူ ကြည့်နေကြပြန်သည်။ ဒီကွန်ဒိုက သူတို့လေးယောက်အပိုင်။ ရှောင်းကျန့် ဖေဖေ့ဆီက ကွန်ဒိုတစ်ခန်းဓားမြတိုက်ထားပြီး ဘယ်မှသွားစရာမရှိလျှင် ငါးယောက်လုံး ဒီကိုပဲ လာခွေနေကြ။

*ရိပေါ်ရော*

*အိပ်နေတုန်း*

ရှောင်းကျန့် လေညင်းခံချင်၍ မင်ဟန့်အမေးကို ဖြေလိုက်ပြီး ပြတင်းပေါက်ဘက် သွားရပ်လိုက်သည်။ အနောက်က လေးယောက်ကတော့ ရှောင်းကျန့်ကျောပြင်ကို ကြည့်ပြီး ပါးစပ်ကြီးတွေဟလျက်။

ဖွေးဖြူနေသည့် ကျောပြင်ကျယ်ကြီးမှာ တက်တူးတွေ ထိုးထားတာတောင် နီရဲနေသည့် လက်သည်းရာလေးတွေ။ ရှောင်းကျန့်က ဘယ်တုန်းက အတူအိပ်လျှင် သူများကုပ်ခြစ်တာခံဖူးလို့လဲ။

*ဟေ့ကောင် မင်းကျောမှာ*

ဝူယဲ့တိူ့မှာ ရှောင်းကျန့်မသိဘူးထင်ပြီး အော်လိုက်တော့ ဆေးလိပ်ခဲလျက် ရှောင်းကျန့်က သူတို့ဆီ ပြန်လျှောက်လာသည်။ အခုမှ ကြည့်မိသည်က လက်မောင်းတွေမှာလဲ ရဲလို့။ ဒီခွေးကောင် ကလေးကို ဘယ်လိုတွေ သောင်းကျန်းလိုက်သည်မသိ။

*အသေကြမ်းပစ်တာလား..! မင်း လက်တွေမှာရော..! ကျောတွေမှာပါလေ*

ဟျိုက်ကျစ်က လက်ညှိုးတစ်ထိုးထိုးဖြင့်။ ရှောင်းကျန့်ကတော့ ခပ်ပြုံးပြုံးရယ်ကာ ဆိုဖာပေါ် ဘေးစောင်းထိုင်ပြီး ဆေးလိပ်ပြာခွက်ထဲ ဆေးလိပ်ကို ထိုးစိုက်လိုက်သည်။

*အခြားသူတွေလောက်တောင် ငါ မကြမ်းမိဘူး။ ချာတိတ်ကိုက ပျော့လွန်းနေတာ..! အခုလဲ အိပ်တုန်း*

*မင်း ကလေးကို အရမ်းကြမ်းကြမ်းတမ်းတမ်း မဆက်ဆံစမ်းပါနဲ့။ ဟိုက မင်းကိူ အသေကြောက်နေရှာတာဟ။ အခုလောက်ဆို ဘယ်လောက်လန့်နေမလဲ*

RestartWhere stories live. Discover now