Part-3💚

5.3K 169 15
                                    

Unicode

စားပွဲပေါ်ကိုလာချပေးသွားတဲ့အရက်တွေကဘာတံဆိပ်မှန်းကောင်းကောင်းမသိတာတွေတောင်ပါနေပေမယ့်
ကိုယ့်ထက်အသက်အများကြီးငယ်တဲ့ကောင်လေးကတော့အဖုံးတွေကိုဖွင့်ရင်းခွက်ထဲကိုထည့်ပြီးကောင်းကောင်းကြီးရောစပ်နေလေရဲ့

*ရင်လေးမိတယ် ဒီကောင်လေးအတွက်ရင်လေးမိတယ်*

သက်ပြင်းတစ်ချက်ချမိတော့ထိုကောင်လေးကတစ်ချက်မော့ကြည့်ပြီးသူလုပ်စရာရှိတာဆက်လုပ်နေတော့တယ်
ခဏအကြာဖန်ခွက်သေးသေးတစ်ခွက်ကိုကမ်းပေးရင်း

"ရော့ တစ်ခါတည်းမော့လိုက် လန်းသွားလိမ့်မယ်"

ကမ်းပေးလာတဲ့ခွက်ကိုယူပြီးပါးစပ်နားမှာတေ့လိုက်တာနဲ့ထွက်လာတဲ့အနံ့ပြင်းပြင်းတွေကနှာခေါင်းနဲ့မရင်းနှီးစွာ
ပြောသလိုတစ်ချက်တည်းမော့လိုက်တဲ့အချိန် ငယ်ငယ်ကဘီယာလောက်သာသောက်ဖူးတဲ့သူအတွက်တော့ဒီလိုအရက်အပြင်းစားတွေကလည်ချောင်းကိုဒုက္ခရောက်စေသည်။

Gunကတစ်ခွက်ပြီးတစ်ခွက်အဆက်မပြတ်သောက်နေတာတောင်အေးအေးဆေးဆေးရှိနေပေမယ့်
Offကတော့နှစ်ခွက်လောက်သောက်ပြီးချိန်မှာခေါင်းတောင်မထူနိုင်တော့ချေ

"ဘယ်လိုလဲ ဆက်သောက်နိုင်သေးရဲ့လား
ကျွန်တော် 8 ခွက်သောက်ပြီးပြီနော်"

မေးလာတဲ့မေးခွန်းကိုကြားသာကြားပြီးပြန်မဖြေနိုင်တော့လောက်အောင်ခေါင်းကလည်ထွက်လာပြီးမြင်သမျှမြင်ကွင်းတိုင်းကနှစ်ထပ်ဖြစ်နေပြီးခဏအတွင်းမှာအားလုံးပျောက်ကွယ်သွားတော့သည်။

နှစ်ခွက်လောက်နဲ့မှောက်သွားမယ်လို့မထင်ခဲ့
ဘယ်လိုဖြစ်လို့လဲ ဒီအရွယ်တောင်ရောက်နေပြီ အရက်တစ်ခါမှမသောက်ဘူးလို့မထင်ထားခဲ့ဘူး နည်းနည်းလောက်လေးပိုပြီးအထင်ကြီးမိသွားခဲ့တယ်
မူးနေတဲ့လူတစ်ယောက်ကဒီလောက်ဒုက္ခပေးမှန်းအရင်ကမသိခဲ့
သုံးလွှာကအခန်းကိုရောက်အောင်မနည်းဒရွတ်တိုက်ဆွဲလာခဲ့ရသည်

စိတ်မရှည်စွာမွှေ့ယာပေါ်ပစ်ချလိုက်တော့"ဒုန်း"ဆိုတဲ့အသံခပ်ကျယ်ကျယ်နှင့်အတူOffရဲ့ခေါင်းနဲ့နံရံကမိတ်ဆက်သွားပြီး
Offဆီက"အ......"ဆိုတဲ့အသံပါထွက်ပေါ်လာလေသည်

Sex At 7/11 (completed)Where stories live. Discover now