အပိုင်း ၄၈ ( နောက်ဆုံးသောစတင်ခြင်း)
"ဟင်း........"
သက်ပြင်းရှည်တစ်ခုက သုံးရက်ခန့်မေ့မြောနေသူထံမှ ထွက်ပေါ်လာခြင်းပင်။ အန်းလု နိုးနိုးချင်း သူ၏ဘေးကိုကြည့်မိတော့ ချီရှန်းသည် သူ့အားထိုင်ခုံပေါ်တွင် ထိုင်ကာကြည့်နေလေ၏။
အန်းလုက ချက်ချင်းကောက်ထလိုက်သည်။
" ရှန်းရှန်း အဆင်ပြေရဲ့လား။ ဒဏ်ရာ..."
အန်းလုက ချီရှန်း၏ရင်ဘတ်ကိုလှမ်းကိုင်လိုက်သည်။ ချီရှန်းကပြုံးလျက်ပင် သူ၏ရင်ဘတ်ကိုလာထိသော အန်းလု၏လက်အားဆုပ်ကိုင်လိုက်သည်။ ထို့နောက် အန်းလု၏ရင်ဘတ်ပေါ်တွင် ပြန်တင်လိုက်ရင်း
" ကိုယ့်ဒဏ်ရာကိုသာ ပူရမှာပါ။ ကိုယ်ကကောင်းနေပြီ။"
" အာ့...ကျွန်တော်လည်း ဓားထိုးခံရတာပဲ။
မဟုတ်သေးဘူး။ ကိုယ့်ဘာသာထိုးထားတာ...ဟီး"
"နာနေသေးလား။"
ချီရှန်းကမေးတော့ အန်းလုက သူ့ဒဏ်ရာသူငုံ့ကာကြည့်နေရင်းမှ ချီရှန်းကိုပြန်ကြည့်ကာ ရယ်လိုက်သည်။ သူ၏လည်ပင်းတွင်လည်း ဆွဲကြိုးလေးက နေရာယူထားသေး၏။ သူရင်ဘတ်ကိုအသာဖိလိုက်ရင်း
" နည်းနည်း "
ချီရှန်းက မတ်တပ်ရပ်လိုက်ပြီးနောက်အန်းလုဘေးကုတင်ပေါ်တွင်ဝင်ထိုင်လိုက်သည်။ အန်းလုကို ဖက်လိုက်ပြီးနောက်
" ဘယ်လိုအရာတွေပဲ ကြုံလာရပါစေ...... မင်းသာကိုယ့်ဘေးနားမှာရှိမယ်ဆိုရင်.....ကိုယ်အရာအားလုံးကိုဖြတ်ကျော်နိုင်မှာပါ။"
ချီရှန်း၏အသံက တည်ငြိမ်အောင်ကြိုးစားရင်းနှင့်ကိုမီ တဖြည်းဖြည်းချင်းကို တုန်ယင်လာတော့သည်။ သူ စိတ်ကိုမနည်းတည်ငြိမ်အောင်ထိန်းနေရပါ၏။
"ကျွန်တော်ကလည်း ရှန်းရှန်းဘေးနားမှာ......အမြဲတမ်းရှိနေမှာပါ။"
YOU ARE READING
LOVE, BUT HURT (Season 3)_ The Last Begin_[Completed]
Historical Fictionကမ္ဘာနှစ်ခုရဲ့ဝဲဂယက်မှာ လည်ပတ်နေလည်း ကိုယ်တို့နှစ်ယောက်ကြားက အချစ်ကတော့ အမြဲတမ်း စစ်မှန်နေအုန်းမှာပဲ။ "အန်းလု.....ဒီစကားလုံးတွေက အထပ်ထပ်အခါခါဖြစ်ပြီး ရိုးရှင်းနေလောက်ပေမဲ့ ကိုယ်မင်းကိုချစ်တယ်" Hello! This is Season 3 of Love, But Hurt Fiction and n...