Chapter-2(Zawgyi)

9.2K 951 37
                                    


"တစ်ယောက်တင်မယ်..."

"ဒီမှာလည်း တစ်ယောက်တင်မယ်..."

"ဒီမှာလည်း တစ်ယောက်"

"ဟဲ့ လုပ်ကြဦး ဒီတစ်ယောက်က ကုတင်ပေါ်မှာ မွေးနေပြီ"

ညနေ လေးနာရီ တကယ့် ဂျူတီအပြောင်းအလဲလုပ်သည့်အချိန်တွင်မှ ဆက်တိုက် မွေးနေသော ကလေးအမေများ။ သူနာပြုဆရာမလေးတွေလည်း အပြေးအလွှား။ လင်းထက်တို့လည်း ဟိုပြေးလိုက် ဒီပြေးလိုက်။ အလျင်လိုနေကြသဖြင့် အကြီးတွေက မွေးပေးပြီး လင်းထက်တို့ အငယ်တွေက assist ဝင်ပေးရသည်။

ကံကောင်းသည်လား၊ ကံဆိုးသည်လား မသိ။ လင်းထက်က ဦးဖြိုးစည်လင်းသူနှင့် အတူကျပြန်သည်။ ကလေးအမေက သားများမိခင်ဖြစ်သဖြင့် Epi ညှပ်စရာမလိုဘဲ တန်းမွေးသည်။ လင်းထက်က assist ဟုဆိုသော်လည်း ဦးဖြိုးစည်လင်းသူသည် တကယ်တမ်းမွေးသည့်နေရာတွင် လင်းထက်ကိုထိုင်စေပြီး သူက assistနေရာတွင်နေသည်။

ကလေးက ခေါင်းထွက်လာပြီ။ ပထမဆုံးအကြိမ် ကိုယ်တိုင်မွေးသည့်နေရာတွင် ဝင်နေရသည်မို့ လင်းထက် လက်အနည်းငယ်တုန်နေ၏။ ပုခုံးထွက်ဖို့ ကြိုးစားဆွဲထုတ်ခြင်းမှာ ဦးဖြိုးစည်လင်းသူက ကူညီသည်။ ကလေးက ခေါင်းထွက်ပြီး ပုခုံးကျမှ အနည်းငယ်ခက်ခဲနေသည်။

ရုတ်တရတ် ထိုလူကြီး ဦးခေါင်းက လင်းထက် မျက်နှာရှေ့ရောက်လာသည်။ ဆွဲထုတ်ဖို့ကြိုးစားရင် အရှိုန်ပါကာ အရှေ့ရောက်လာခြင်းဖြစ်မည်။ ပထမဆုံးနေ့ကရခဲ့သည့် ခေါင်းလျှော်ရည်နံ့သင်းသင်းကို mask တပ်ထားသည့်ကြားမှ ရလိုက်ပြန်သည်။ ဒီလူကြီး ဘာခေါင်းလျှော်ရည်သုံးတာပါလိမ့်။ တကယ်ကို သဘောကျစရာ အနံ့သင်းသင်းလေး။ ဒါမှမဟုတ် ခေါင်းလိမ်းဆီအနံ့များလား။ လင်းထက် အာရုံတို့ ခေတ္တလွင့်သွားသည်။ တကယ်ကို ခေတ္တလေးပါပဲ။ သို့သော်...။

"လင်းထက်နောင်!!!"

ဦးဖြိုးစည်လင်းသူ၏ အလန့်တကြားအော်သံနှင့်အတူ လျှောကနဲ့ထွက်လာသော လင်းထက် ဖမ်းဖို့မေ့သွားသည့် ကလေးငယ်ကို သူက အလျှင်အမြန်ဖမ်းထိန်းလိုက်သည်။ ထိုအခါမှ လင်းထက်မျက်လုံးများပြာသွားရ၏။ တကယ်လို့ ဦးဖြိုးစည်လင်းသူသာ ထိန်းမဖမ်းပေးခဲ့လျှင် ထိုကလေးငယ်သည်...။ ဆက်မတွေးဝံ့စရာ။

သားဖွားခန်းက ရင်ခုန်သံ(သားဖြားခန္းက ရင္ခုန္သံ)(Complete)Where stories live. Discover now