Episode - 12 (Z+U)

18.3K 1.7K 107
                                    


Unicode
..................

ရန်ကုန်နွေကအရမ်းပူတာမို့ ရောက်ကတည်းကဘယ်မှမသွားဘဲ အခန်းထဲသာအောင်းနေလိုက်သည်။ အကိုလာပေးသော မုန်တွေကိုစားရင်း အကို့အနားကိုသွားလိုက်သည်။

မျက်မှန်လေးကိုချွတ်ကာ အလုပ်လုပ်နေရင်း လက်လေးထောက်၍ အိပ်ပျော်နေသော အကို့ကိုကြည့်၍ပြုံးကာ

"အကိုကချစ်စရာလေးဗျ.... "

အသက်အရွယ်အားဖြင့် 2 နှစ်ကွာသော အကိုကသူ့ထက်ကိုပင်ပို၍နုနေသေးသည်။

အကိုကကျွန်တော့်ဆိုအရမ်းဆူတာပဲဗျာ...ဒါပေမယ့်သ်ိလား အဲ့နေ့က အကို့အတွက်ကျွန်တော် သူချိန်းတဲ့နေရာက်ိုသွားခဲ့တာ အကြောင်းဖန်လာတော့ အကိုနဲ့ ၃ နှစ်တောင်ဝေးခဲ့တာပဲနော်.....ကျွန်တော်မပျော်ဘူး ။ အကိုမရှိရင် ကျွန်တော်တကယ်မပျော်ဘူး ။

ဟုသာပြုံး၍တွေးတောရင်း အ်ိပ်ပျော်နေသော ဘုန်းစစ်၏မျက်နှာလေးကိုလက်ဖြင့်ပွတ်ကာ အနမ်းမဆိုသောအနမ်းတို့ကို
ကြဲလိုက်လေသည်။

ထိုက် လည်းဘုန်းစစ်ဘေးနားမှထကာ အိပ်ရာပြင်၍ ဘုန်းစစ်ကိုချီမပြီးအိပ်ရာပေါ်တွင်အိပ်စက်စေသည်။

ထို့နောက် သူလည်းငယ်ငယ်လေးကတည်းက ဖက်အိပ်လာသည့် ဘုန်းစစ်ကိုဖက်ကာဘေးနားတွင်အိပ်လိုက်သည်။
.
.
.
.
.
.

အင်း.....ထိုက် နဲ့ ဘုန်းစစ် ရဲ့ဆက်ဆံရေးကဘယ်လိုပြောနိုင်မလဲ? လွန်ခဲ့တဲ့ နှစ်ကာလတွေကပေါ့ ။ ကောင်လေးတစ်ယောက်ဟာ ဘောလုံးလေးကိုကိုင်ရင်းငိုနေလေသည်။ ငိုနေသော ကောင်လေးကို ကောင်လေးတစ်ယောက်ကတွေ့ကာ

" ဟေး.....ပုစိ ဘာလို့ငိုနေတာလဲ "

မေးလိုက်သော ကောင်လေးသည် အသက်အရွယ်အားဖြင့် ၈ နှစ်လောက်သာရှိဦးမည်ထင်၏ ။ ငိုနေသော ကောင်လေးက မော့ကြည့်လာကာ

" တား(သား) ဘောလုံးလေး လေပေါက်သွားလို့ "

"အဲ့တာများ လာကိုကိုကအသစ်ဝယ်ပေးမယ် "

ဟုပြောရင်း ပုစိရဲ့လက်ကိုဆွဲကာ ဘောလုံးဆိုင်ကိုသွား၍ ၂၀၀ တန်ဘောလုံးလေးတစ်လုံးကိုဝယ်ပေးလိုက်သည်။

လှောင်အိမ်ငယ်/ေလွာင္အိမ္ငယ္ { Completed }Where stories live. Discover now