ကိုယ်ပိုင်လေယာဥ်

3.1K 296 4
                                    

# uni

"မိချီမ..''

မက ကားပြတင်းပေါက်ကိုဘာလို့ကြည့်နေသေးတာလဲ မကြီးခေါ်တာတောင် မကြားဘဲ ဘာတွေကိုများကြည့်နေပါလိမ့်...မ ကြည့်တဲ့နေရာကိုကြည့်မိတော့...ဂါးးး အကိုမိုးယံကားပေါ်တက်နေတာကို သေချာကြည့်နေတာဗျ

"အဲ့လောက်သဘောကျနေရင် သူနဲ့ကားတူတူစီးပါလား ''

ကိုယ်ကရွဲ့​ပြောပေမဲ့ မကတကယ်ပျော်သွားပုံနဲ့ လှည့်ကြည့်ပြီး

"အဲ့လိုလုပ်လို့ရလား... ''

"Haaaaaa ''

"မကြီး....''

"ငါ့ဟာငါရယ်တာ​လေ မိချီမ...အကိုမိုးယံကချောလား..''

မကြီးမေးတော့ မကသွားကြီးကိုဖြီးပြီး

"အင်း..အများကြီးချောတယ်..''

"ဟားး..ခန့်ရယ်..နင့်အစားဝမ်းနည်းလိုက်တာ..''

ပြောပြီး မကြီးက သေအောင်ရယ်နေတယ်..

"ခုလို​ဖြစ်တာ မကြောင့်... ခုကြည့် မကြီးက ကျွန်တော့်ကိုလှောင်နေပြီ..''

"ချီကအမှန်ပြောတာလေ...လိမ်တာမကောင်းဘူး...''

ခုမှဖြူစင်တဲ့ကလေးလိုလာလုပ်နေတယ်..စိတ်ဆိုးမယ်ကြံတုန်း

"ကလေးမျက်နှာကြီးကလဲ..ငါလေးကအဆင်တွေ့ ရင်ငမ်းပေမဲ့ ကလေးကိုတကယ်ချစ်တာ..''

ပြောပြီး ရင်ခွင်ထဲအတင်းတိုးဝင်နေပြန်ရော...လူကိုစိတ်တိုအောင်လုပ်ပြီးခုကျ လာချွဲနေပြန်ပြီ...သဝန်တိုတာပေါ့..ကိုယ်မဟုတ်တဲ့သူကို ငမ်းနေတာ ဘယ်သူကကြည့်ချင်ပါ့မလဲ

"ဟာမရယ်..​ဖြစ်ပျက်နေတာ...အမြင်ကပ်တယ် ''

ပြောပြီး မကြီးကနားကြပ်ကို​တပ် သီချင်းနားထောင်နေပြီ...မမြင်ချင်လို့ထင်တယ် ကားအပြင်ဘက်ကို​ကြည့်နေလေရဲ့

ကားပုံစံက ဆိုဖာနှစ်ခုကို မျက်နှာချင်းဆိုင်ထားပြီး အလယ်မှာ စားပွဲခုံကြီးတစ်ခုရှိတယ်..အသီးနဲ့စားစရာတွေထားထားပြီး အအေးတွေကိုတော့ ရေခဲဗူးနဲ့ထည့်ထားတယ်လေ

ကားမောင်သူနဲ့ ကျွန်တော်တို့ဘက်မှာ စကားပြောဖို့...ကားခေါင်းနဲ့ကိုယ်ထည်ကြားကနေရာလေးတစ်ခုကို တံခါးအဖွင့်အပိတ်တစ်ခုတော့ရှိတယ်.. ကိုယ်သွားချင်တဲ့နေရာကိုဖွင့်ပြီးပြောလို့ရအောင်​​လေ​..ပြီးရင်ပိတ်ထားလိုက်ရုံပဲ...အဲ့တော့ကိုယ်ပြောတာရော..ဘာလုပ်နေလဲဆိုတာရော မမြင်ရဘူး..

fujoမရဲ့ရည်းစား...သူကUke မဟုတ်ပါဘူး💖(Completed) Where stories live. Discover now