အခန်း ၁၁[ကျိတ်ဆုံအလွတ် ၂]

2.8K 672 34
                                    

Unicode

ထိုပုဂ္ဂိုလ်၏မျက်ဆံများသည် အလင်းတစ်စုံတစ်ရာမရှိ ထူးကဲစွာမည်းနက်နေ၏။ မျက်လုံးအောက်တွင် အမည်းရောင်အရိပ်နှစ်ခုရှိပြီး သေသူကဲ့သို့ ဖြူလျော်သော အရေပြားအောက်တွင် အပြာရောင်သွေးကြော ဖျော့တော့တော့တို့ကို မြင်နေရသည်။ထိုကဲ့သို့သောသူမျိုးနှင့် ရုတ်တရက်မျက်နှာချင်းဆိုင်မိခြင်းသည် အတော်တော့ထိတ်လန့်ဖွယ်ကောင်းသည်။ သာမန်သူသာဆိုလျှင် နောက်ပြန်လှည့်ချိန်တွင် သရဲနှင့်တန်းတိုးပါက ကြောက်လန့်တကြားထခုန်ပြီး မျက်နှာကျက်ကိုပင် တတ်ဆောင့်သွားလိမ့်မည်။

သို့ပေမဲ့ ရွှမ်းမင်နှင့်ရွှဲရှန့်သည် သာမန်လူသားလောက်သာ မဟုတ်သည်မှာ သိသာထင်ရှား၏။

တစ်ဦးသည်ရဲတင်းသောသူဖြစ်သလို တစ်ဦးသည်မတုန်လှုပ်သောသူဖြစ်၏။ နှစ်ယောက်စလုံးသည် ကြောက်ရွံ့ခြင်းဆိုတာကို စာလုံးပေါင်းတတ်တဲ့ပုံမပေါ်။

ရေခဲလူသားဖြစ်သောကတုံးနှင့် ခါးတွင်ရှိနေဆဲဖြစ်သည့် ဥမှပေါက်သောသတ္တဝါသည် တစ်ထပ်တည်းတူသော ခံစားချက်မဲ့မျက်နှာထားနှင့် သေသူကိုကြည့်နေ၏။

ရောက်လာသောသူမျက်နှာသည် ကြည့်နေရင်း ဖြူဆုတ်သွား၏။ ရင်ဘတ်ကိုဖိလျက် တီးတိုရွတ်ဆိုလာသည်။

"ဘာလို့ရုတ်တရက်ကြီးလှည့်လာတာလဲ?လန့်သွားတာပဲ"

ရွှမ်းမင် ; "......"

ရွှဲရှန့် ; "......"

စာကြမ်းပိုးသည် စာအဖတ်လွန်ပြီး ဦးနှောက်သေသွားပုံ၏။

နောက်တွင်ရပ်နေသောသူသည် ကျန်းရှီနင်မှလွဲပြီး အခြားမရှိ။

အစဦးစတွေ့စဥ်တုန်းက နည်းနည်းတော့ဒုက္ခများပြီဟု ရွှဲရှန့်ထင်မိသည်။ သူတွေးမိသည်က 'ဒီစာကြမ်းပိုး..အကြံပေးလျိုပြောသမျှအကုန်လုံးကြားသွားမယ်ဆိုရင်လက်သီးလက်မောင်းတန်းပြီးတဟုန်ထိုးဝင်သွားနိုင်တယ်..ဘယ်သူသိမှာလဲ?တုတ်ချောင်းလောက်သာရှိပေမဲ့လည်းလူအိုနှစ်ယောက်ကိုတော့နိုင်ကောင်းနိုင်မှာပေါ့'

ဒါပေမဲ့ ကျန်းရှီနင်လေသံအရ သူ့မိဘများနှင့်ပတ်သတ်ပြီး စော်ကားသောစကားများကို မကြားလိုက်ရဘူးထင်သည်။

ထို့ကြောင့်လည်း ရွှဲရှန့်တစ်မျိုးတစ်ဖုံတော့ စိတ်သက်သာရာရသွားသည်။ 'အနည်းဆုံးတော့ဒီစာကြမ်းပိုးသေမင်းတံခါးသွားခေါက်ပြီးသူနဲ့အတူငါတို့ကိုပါဆွဲခေါ်သွားမှာမစိုးရိမ်ရတော့ဘူးပေါ့'

ရွှမ်းမင်အိတ်ကပ်တွင်တွဲလဲခိုရင်း ကျန်းရှီနင်ကို ထင်ရှားသိသာသော မကျေမနပ်ဖြစ်မှုများနှင့် မောင်းထုတ်တော့သည်။

"သွားချိန်တန်ပြီ..သွား!သွား!"

"ဘယ်လိုဖြစ်ပြီးအလျင်လိုနေတာလဲ"

ကျန်းရှီနင်သည် ရွှဲရှန့်နှင့် တစ်ခါတစ်လေငြင်းခုံတတ်ပေမဲ့ နူးညံ့သောစိတ်ထားရှိသူဖြစ်သည်။ မဟုတ်လျှင် ရက်များစွာ ရွှဲရှန့်ဆရာကြီးလုပ်နေသည်ကို လက်ခံမည်မဟုတ်။ ပါးစပ်ပိတ်ရန် အစာများကို ပါးစပ်ထဲဖြည့်သိပ်ရင်း မကျေနပ်ချက်တွေအား ထုတ်ဖော်ပြောနေလိမ့်မည်။

ကျန်းရှီနင်သည် ဘာလို့လဲသာမေးပေမဲ့ အမှန်တကယ်တမ်းမှာတော့ ရွှဲရှန်စကားကို နာခံပြီးနေပြီ။ လှေကားထစ်ကိုကျော်ကာ အနောက်တံခါးမှ တုံ့ဆိုင်းခြင်းမရှိ ထွက်ခွာသွားသည်။

ထိုမြင်ကွင်းကြောင့် ရွှမ်းမင်၏လက်မြှောက်လာပြီး တဖန်ပြန်ချသွားသည်။ ရွှဲရှန့်လည်းဒေါသတကြီးနှင့်

"ကတုံး..ဘာလို့လက်မြှောက်လိုက်တာလဲ?စာကြမ်းပိုးဒဏ်မခံနိုင်တော့ပဲရိုက်မလို့မလား?"

ရွှမ်းမင် ; "......"
ဒီလိုအပြောနဲ့ဆိုရင်အရိုက်ခံရမဲ့သူကမင်းပဲဖြစ်မှာ

"နေပါဦး..အရိုက်ခံရအောင်ငါဘာများလုပ်မိလို့လဲ?"

ကျန်းရှီနင်အမေးကြောင့် ရွှဲရှန့်စိတ်မရှည်တော့ပဲ

"ပေါက်ကရတွေမပြောပဲလမ်းဆက်လျှောက်"

ရွှမ်းမင် ; "......"
အငြိမ်မနေနိုင်သောသတ္တဝါသည်သူများကိုစကားဆက်မပြောရန်မကျေမနပ်သွားပြောနေသေးသည်။

ဒါပေမဲ့ ရွှဲရှန့်ထင်မြင်ချက်များသည် မှားယွင်းနေတာတော့မဟုတ်။ ကျန်းရှီနင်လိုသရဲတစ်ကောင်သည် လူပုံစံပြောင်းရန် ပူးကပ်နိုင်သောပစ္စည်းစက္ကူစသဖြင့် လိုအပ်သည်ဖြစ်ရာ ယင်စွမ်းအင်ပေါ်တွင် မှီတွယ်နေရသည်။ သူ့လည်ပင်းနောက်ဘက်တွင် သေးငယ်သောတံခါးတစ်ချပ်ရှိ၏။ ထိုနေရာကို လက်နှင့်ရိုက်လိုက်လျှင် ယင်စွမ်းအင်ပျံ့နှံ့သွားမည်ဖြစ်ရာ ကျန်းရှီနင်လည်း မူလစက္ကူလူသားပုံစံ ပြန်လည်ရောက်ရှိသွားလိမ့်မည်။

ရွှမ်းမင်စိုးရိမ်သည်မှာ ကျန်းရှီနင်သည် မစဥ်းမစားပဲလျှောက်လုပ်ပြီး အရာရာရှုပ်ထွေးကုန်မှာကိုဖြစ်၏။ သယ်ဆောင်ရလွယ်ကူအောင် စက္ကူလူသားပုံစံပြန်ပြောင်းရန် နောက်ကျောကိုရိုက်ချင်နေခြင်းသာ။ သူ့တွင်စိတ်ပူစရာ အဆင်အခြင်မဲ့သော ကိုယ်တစ်ပိုင်းသေနေသည့်အကောင်က ရှိနေသေးသည်။ သွားချင်တိုင်းလျှောက်သွားလို့ရနေသော အသွေးအသားနှင့် သရဲတစ်ကောင်သည် ပို၍ပင်ပရမ်းပတာမဖြစ်စေနိုင်ဘူးလား?

သို့ပေမဲ့လည်း ဤသရဲသည် အမိန့်နာခံတတ်ပုံရသည်။ ယာယီမျှတော့သည်းခံထားရန် ဆုံးဖြတ်ကာ လက်ကိုပြန်ရုတ်ခဲ့ခြင်းဖြစ်သည်။ အနောက်တံခါးမှထွက်ကာ ကျန်းရှီနင်နောက်လိုက်သွား၏။

ကျန်းရှီနင်ကို လည်ထောင်မှဆွဲခေါ်ကာ ဦးတည်ရာပြောင်းပြီး စင်္ကြန်လမ်းနှင့် အရှေ့အိမ်တော်ခန်းမဆောင်ဘေးဘက်ခြမ်း ကွက်လပ်အကြားတွင် ဝင်ရောက်ပုန်းခိုလိုက်သည်။ လမ်းလျှောက်သောအခါ အသံမထွက်စေလိုလျှင် ခြေသံတိုးတိုးလေးမျှတောင်မထွက်စေပဲ ရွှမ်းမင်လျှောက်နိုင်သည်။ သူ၏ဝတ်ရုံသည် ပေါ့ပါးကာပါးလွှာ၏။ အနားစသည် ဖြတ်ကျော်သွားသောအခါ သစ်ကိုင်းများနှင့် လျှပ်တပျက်ထိခိုက်မိတာကြောင့် တဖျတ်ဖျတ်ခါသွားပြီး နံရံနှင့်ပွတ်တိုက်မိကာ သူ့နေရာသူပြန်ရောက်သွားသည်။ သို့သော်ငြားလည်း ဖုန်တစ်မှုံမှ တင်ကျန်ခြင်းမရှိသလို သစ်ကိုင်းခြောက်သည်လည်း လှုပ်ခါသွားခြင်းမရှိ။

ရွှဲရှန့်အကြည့်များသည် လှုပ်ရှားခြင်းမရှိသော သစ်ကိုင်းခြောက်များမှတစ်ဆင့် ရွှမ်းမင်ခါးထက်ရှိ ကြေးနီဒင်္ဂါးပြားများ ချိတ်ဆွဲထားရာကြိုးဆီသို့ ရောက်ရှိသွားသည်။ ဤကတုံးသည် အမှန်ပင်ပဟေဠိဆန်လှ၏။

ရွှမ်းမင်သည် အချိန်ကိုက်ပင်ဖြစ်၏။ နံရံတစ်ဖက်သို့ဝင်ကာ ရွှမ်းမင်ဝတ်ရုံစမြေပေါ်ကျသည်နှင့် အကြံပေးလျိုနှင့် အပေါင်းအပါသည် အနောက်တံခါးကိုဖြတ်၍ အပြင်သို့လျှောက်လှမ်းလာသည်။ အသက်တွေရလာတာနဲ့အမျှ အကြားအာရုံလည်း ထိုင်းမှိုင်းနေပုံရသည်။ ထူးဆန်းတာတစ်စုံတစ်ရာကို သတိပြုမိပုံမရ။

နံရံကြားမှကျန်းရှီနင်သည် အကြံပေးလျို၏ပုံရိပ်ကို တွေ့မြင်နေရသည်။ အကြံပေးလျိုကို တွေ့ရခြင်းအပေါ် လွန်စွာမပျော်ရွှင်လှပေမဲ့လည်း သိချင်တာကရှိနေသည်။ 'ဘာကြောင့်များရွှမ်းမင်သည်အကြံပေးလျိုကိုဒီလောက်ထိတောင်ရှောင်နေရတာလဲ?'ရင်ဆိုင်တွေ့ရမှာအတော်ပင်စိတ်အနှောင့်အယှက်ဖြစ်နေပုံရသည်။

ကျန်းရှီနင်ထံတွင် အခြားသူများအားဒုက္ခပေးမိမှာကို ကြောက်ရွံ့တတ်မှုရှိနေခြင်းက ကောင်းသောအချက်ဖြစ်၏။ အဆင့်ကျော်ကာ ပြောဆိုမိမှာမဟုတ်သလို အဆင်အခြင်မဲ့စွာ အလျင်စလိုလုပ်တာမျိုးလည်း လုပ်မည်မဟုတ်။ တစ်ဦးတစ်ယောက် စိတ်မသက်မသာဖြစ်အောင်လည်း လုပ်မည်မဟုတ်။ မေးစရာမေးခွန်းတွေ ရှိနေပေမဲ့လည်း အမိန့်နာခံလျက် နံရံနောက်တွင် ငြိမ်သက်စွာနေနေသည်။ ပြူးကျယ်သောမျက်လုံးများနှင့်တော့ အကြံပေးလျိုသည် လူစိမ်းနှင့်အတူ ခြံဝန်းကိုဖြတ်ကာ အဓိကအဆောင်သို့ လျှောက်သွားတာကိုမြင်နေရသည်။

အဆောင်ခြေရင်း လှေကားထစ်အရောက်တွင် အသံတစ်ခုထွက်ပေါ်လာသည်။

"အဖေ?"

နံရံနောက်တွင်ရှိနေသော ရွှဲရှန့်လည်း မျက်မှောင်ကျုံ့ရင်း

"ကောင်းလိုက်တာ..တစ်ကယ့်အရူးကအချိန်ကိုက်ကိုရောက်လာတာပဲ"

ဘယ်ကနေပေါ်လာမှန်းမသိသောလျိုချုံသည် စင်္ကြန်လမ်းအမိုးအောက်တွင်ရပ်ရင်း ဖခင်ကိုအော်ခေါ်နေသည်။

ရွှဲရှန့်ပထမဆုံးကြည့်မိသည်မှာ ထိုသူ၏ဝတ်ရုံဖြစ်သည်။ သေဆုံးခြင်းတံခါးမှာတုန်းက မြေဆွေးရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အခုတစ်ကြိမ်စင်္ကြန်လမ်းပေါ်မှာတော့ အရင်တုန်းကလို ခဲပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။

နံရံကြားတွင် ပုန်းနေသောရွှမ်းမင်သည် အပြင်သို့ ခြေလှမ်းထွက်လိုက်၏။ အကြံပေးလျိုမတုံ့ပြန်နိုင်သေးခင် လျိုချုံအနားသို့ ခြေလှမ်းကျဲကြီးများဖြင့် ရောက်ရှိသွားပြီး မအော်နိုင်ခင်မှာ ဆွဲခေါ်ထုတ်သွား၏။ အိမ်တော်၏ တံခါးငယ်ရှိရာသို့ အကြမ်းပတမ်းပင် ဆွဲခေါ်သွားသည်။ ကံကောင်းစွာဖြင့် ခြံဝင်းသည် အရမ်းမကျယ်လှတာကြောင့် မျက်တောင်တစ်ခတ်မျှသောအချိန်နှင့် တံခါးငယ်ရှိရာသို့ ရောက်ရှိသွား၏။
အဆောင်ရှေ့တွင် ရုတ်တရက်ကြောင်သွားကာ ကျန်နေခဲ့သော အကြံပေးလျိုလည်း အခုမှအသိပြန်ဝင်လာသည်။ ပြောင်းလဲသွားသောမျက်နှာထားနှင့် ချက်ချင်းပင် အနောက်သို့ပြေးလိုက်လာ၏။

ကံကောင်းထောက်မစွာနှင့် လျှင်မြန်စွာတုံ့ပြန်တတ်သောရွှမ်းမင်ကြောင့် တံခါးနောက် အချိန်မီရောက်သွားကြသည်။

ဂျန်း...

တံခါးငယ်ကို ရွှမ်းမင်အရှိန်ပြင်းစွာပိတ်လိုက်ချိန်တွင် ကျန်းရှီနင်လည်း လက်နှစ်ဖက်ဖြင့် တံခါးကိုပိတ်ဆို့တားဆီးထားလိုက်သည်။

သို့ပေမဲ့ အရူးကောင်လျိုချူံ၏ စိတ်ရှုပ်ထွေးနေပုံရသော မျက်နှာထားကိုမြင်သည်နှင့် သူ့ဆီမှလည်း အဖြေရှာမရသောအသံ ထွက်ပေါ်လာသည်။

တံခါးနောက်ရောက်သည်နှင့် လျိုချုံလက်ကို ရွှမ်းမင်လွှတ်ပေးလိုက်သည်။ ရွှဲရှန့်လည်း ဖြစ်ရပ်ကို ဆင်ခြင်လျက်တွေးမိသည်။ 'ဒီကတုံးကပိန်သာပိန်ပေမဲ့အားတော့အတော်သန်သား..အဲ့ဒီလျိုချုံကစက္ကူလိုပိန်ပါးတဲ့ကျန်းရှီနင်လိုမျိုးမပေါ့တဲ့အပြင်နားလည်ပြီးလိုက်လာဖို့ကလည်းခက်သေး..လက်တစ်ဖက်တည်းနဲ့တောင်လူတစ်ယောက်လုံးကိုဒီအထိဆွဲခေါ်လာနိုင်တယ်..ဘယ်လောက်တောင်များသန်မာနေမလဲ?

အောက်ကသတ္တဝါသည် သူ့ကိုကြည့်နေကြောင်းကို ရွှမ်းမင်ငုံ့မကြည့်ပဲနဲ့တောင်သိသည်။ စက္ကူလူသား ဘာတွေစဥ်းစားနေပြန်သည်ကိုတော့ သူမခန့်မှန်းတတ်။

ကောင်းတာမဟုတ်သည်ကတော့သေချာ၏။

မည်သို့သောခံစားချက်မှမရှိသောမျက်နှာထားနှင့် လက်ကိုခါးဆီသို့ရွှေ့လိုက်သည်။ မျက်လုံးဖွင့်ကာ သေနေသည်ဟုထင်ရသော မျက်စိစပါးမွှေးစူးစရာအကောင်ကို လက်နဲ့ဖုံးကာလိုက်သည်။ ရွှဲရှန့်သည် ချက်ချင်းပင် လက်ချောင်းများကို ပြန်လည်တိုက်ခိုက်လာ၏။

ရွှဲရှန့် ; ဖွီ!ရာရာစစ!နဂါးဦးခေါင်းကိုကာချင်တိုင်းကာလို့ရမယ်ထင်နေလား?မင်းကိုမင်းဘယ်ထင်နေလဲ?

"မင်းမျက်နှာပေါ်က...မှဲ့က..နေရာပြောင်းသွားတာလား?"

တွေဝေနေသောမျက်နှာထားနှင့်လျိုချုံကို လက်ညိုးငေါက်ငေါက်ထိုးရင်း ဗလုံးဗထွေးတွေပြောလာသည်။ စကားအပိုင်းအစများကိုဆိုပြီးနောက် တစ်စုံတစ်ယောက်အား လက်ညိုးထိုးခြင်းသည် ရိုင်းပြခြင်းဖြစ်သည်ဟု ခံစားမိပြီး လက်ညိုးကိုရုပ်သိမ်းကာ ရွှမ်းမင်ရှိရာသို့ ပြောရခက်နေသောပုံစံနှင့်ကြည့်လာသည်။

ရွှမ်းမင်သည် လက်ကိုတွန်းဖယ်ပစ်သောရွှဲရှန့်ကြောင့် ကြက်သေသေနေဆဲဖြစ်သည်။

"ဘယ်ဘက်မှာမဟုတ်ဘူးလား?ဘယ်လိုဖြစ်ပြီးညာဘက်ကိုရောက်သွားတာလဲ"

ကျန်းရှီနင်တိုးညှင်းစွာ အမေးဆိုလာသည်။

••••••••

Copper Coins《铜钱龛世》Where stories live. Discover now