Part 1. Uni

78 13 2
                                    

'' သားငယ်လေးရေ တေးချိုလေး မားအသည်းပုစိလေးရေ... ထတော့လေကွယ်...မနက်ဖြန်ကျောင်းသွားအပ်ဖို့အတွက်လိုအပ်တာတွေသွားဝယ်ရမယ်လေ....''

''အွန်း...မားကလည်းသားသား ငါးမိနစ်လောက်ထပ်အိပ်ဦးမယ်နော်''

လက်ကလေးငါးချောင်းထောင်ပြကာ ပြန်အိပ်သွားသောရင်နှစ်သည်းခြာပူတူးတူးလေးကိုကြည့်ပြီး...ဒေါ် မိုးမြင့်ချိုအသည်းတယားယားဖြစ်မိသည်....အသက်ကြီးမှခက်ခက်ခဲခဲရထားသောသားတေးချိုလေးက...သူတို့လင်မယားနှစ်ယောက်ရဲ့အသည်းအသက်လေးပင်....ဒေါ် မိုးမြင့်ချိုသားလေးရဲ့ခေါင်းလေးကိုအသာပွတ်ပေးကာ တစိမ့်စိမ့်ကြည့်နေမိသည်.... သူမဘယ်လိုစိတ်ချမည်နည်း... စီးပွားရေးနောက်ဆုံးနှစ်ရှိသွားတာတောင် ကလေးစိတ်မကုန်သေးတဲ့သားငယ်လေးကို........

''ချိုရေ သားလေးနိုးပြီလား... ကိုယ်အလုပ်သွားတော့မလို့''

"မနိုးသေးဘူးအကိုရေ့... အသည်းတုံးကပြန်အိပ်ချင်​သေးတယ်တဲ့လေ"

ဒေါ်မိုးမြင့်ချိုသားအခန်းထဲဝင်လာတဲ့ ခင်ပွန်းဖြစ်သူကိုပြန်ဖြေလိုက်သည်.... ဦးသားထက်အခုထိအိပ်ယာမထသေးတဲ့ တေးချိုအနားကိုလျှောက်သွားလိုက်ကာ နဖူးလေးကိုတစ်ချက်နမ်းလိုက်သည်....

" မွ...ပါးပါးအသည်းအိပ်ပုပ်လေးရေ ပါးပါးအလုပ်သွားတော့မယ်နော်..."

"ဟုတ်ကဲ့...ကောင်းကောင်းသွားပါခင်ဗျာ့"

မျက်လုံးမဖွင့်ဘဲ စကားပြောလာသည့်သားလေးကြောင့် လင်မယားနှစ်ယောက်လုံးတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာပြုံးလိုက်မိသည်...

"လာ အကိုချိုကားနားထိလိုက်ပို့ပေးမယ်"

"ဟုတ်ပါပြီဗျာ....ကိုယ့်ရဲ့ချစ်ဇနီးလေး..မွ"

ဦးသားထက်တစ်ယောက်ချစ်ဇနီးရဲ့ နဖူးလေးကိုတစ်ချက်နမ်းကာ...ပခုံးလေးကိုဖက်လျက် အောက်ထပ်ကိုဆင်းလာလိုက်သည်...

🎸🎸🎸🎸🎸🎸🎼🎼🎼🎼🎼

ကြီးကျယ်ခမ်းနားလွန်းတဲ့ အိမ်ကြီးထဲမှထွက်လာသော.... တည်ကြည်ခန့်ညားလွန်းသည့်သူ အေးစက်စက်မျက်နှာက... လိုတာထပ်ပင်တည်တင်းနေသည်....အနက်ရောင်suitဝမ်းဆက်နဲ့အရမ်းကိုချောမောလွန်းသူ...

💞တေးသားချို💞(အချစ်ဆိုတာ S1)Where stories live. Discover now