Zawgyi
ဟန်စုမင်ဟာ အခုထိ သူကို အရင်လိုကပ်ကာ စကားလာမပြောတော့ပဲ၊စာသင်ချိန်တွေ စာကိုသာအာရုံစူးစိုက်လိုက်နဲ့နားချိန်မှာလည်း Macaronsစားကာ နေရင်း စာကြိုးစားလုပ်နေသည်ကို မြင်တော့ နောက်ဆုံး မနေနိုင်စွာဖြင့်...
"ရှန်ဟွာ... မင်းငါ့ကို စိတ်ဆိုးနေတာလားဟင်"လို့ မျက်ရည်ဝဲနေသည့် မျက်ဝန်းများဖြင့် အပြစ်လုပ်ထားသည့်ပုံစံလေးဖြင့်ကြည့်ကာ လော့ရှန်ဟွာကို ဟန်စုမင်ဟာမေးလိုက်သည်၊ သူ ဒီလိုအပြစ်ရှိတဲ့မျက်နှာလေးလုပ်ပြလိုက်တာနဲ့ လူတိုင်းဟာ မနေနိုင်စွာ အလွယ်တကူခွင့်လွှတ်ပေးတတ်တာကြောင့် လော့ရှန်ဟွာလိုလူမျိုးလည်း သူ့ကိုလွယ်လွယ်ကူကူခွင့်လွှတ်ပေးမယ်လို့ ယုံကြည်သည်၊
"ငါက ဘာလို့ မင်းကိုစိတ်ဆိုးရမှာလဲ"လို့ လော့ရှန်ဟွာဟာ ဟန်စုမင်ရဲ့မျက်ဝန်းထဲရှိ မောက်မာမှုအချို့ကိုမြင်နေရပြီး ခေါင်းတစ်ချက်ခါလိုက်ကာ ပြန်မေးလိုက်သည်၊
ရုတ်တရက်မေးခွန်းကြောင့် ဟန်စုမင်ဟာ ပြာယာမခတ်သွားဘဲ
"မနက်က မင်းကိုကျောင်းလာပို့တဲ့ကိစ္စနဲ့ပတ်သတ်ပြီးလေ...အခြားသူတွေရဲ့အထင်လွဲမှုကို ခံခဲ့ရတာ... ငါ့စကားအမှားကြောင့်လေ၊ငါက မင်းကိုယုံကြည်သင့်တာ...ဒါကို ဘေးစကားတွေကို ယုံကြည်ပြီး..."လို့ ဟန်စုမင်ဟာ ငိုသံအနည်းငယ်ပေါက်သည့် အသံဖြင့်ပြောလိုက်တော့ လော့ရှန်ဟွာဟာ အနည်းငယ်ပြုံးသွားကာ...
"ဒါပေါ့ ဒါပေါ့ မင်းက ငါ့အကြောင်းကို ဘယ်သိမလဲ...အေး မင်းရဲ့ဖြူစင်ယောင်ဆောင်တဲ့သရုပ်ဆောင်မှုတွေနဲ့အလုပ်ရှုပ်နေတာကိုး"လို့ နောက်ဆုံးစကားကို အနည်းငယ်တိုးကာပြောလိုက်တာကြောင့် ဟန်စုမင်မှာ လော့ရှန်ဟွာရဲ့စကားကို သူသေချာကြားလိုက်ပေမယ့် မရှင်းမလင်းဖြစ်နေပြန်သည်၊နောက်တစ်ချက်ဟာ သူယုံကြည်တာက သူရဲ့သရုပ်ဆောင်မှုတွေ လော့ရှန်ဟွာလိုအမှိုက်မျိုးက ရိပ်မိမည်ဟုမထင်သောကြောင့်လည်းပါသည်၊
"မင်းကလည်း မဟုတ်တာကွာ... ဒီကျောင်းမှာ မင်းအကြောင်း ငါ့ထက်ပိုသိတဲ့သူရှိမှာတောင် မဟုတ်ဘူး"လို့ ပြန်ဖြေလိုက်ရင်း၊လော့ရှန်ဟွာဟာ သူ့ကိုစိတ်ဆိုးနေတာမဟုတ်ဘဲ စိတ်မကောင်းဖြစ်တာ သိလိုက်ရတော့ စိတ်ထဲအနည်းငယ်ပေါ့ပါးသွားကာ သူသိချင်သည့်ကိစ္စကို အရမ်းမေးမြန်းချင်နေတာကြောင့်... အနားကို ပိုမိုတိုးကပ်လိုက်ပြီး

YOU ARE READING
Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလား(Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလား)
RomanceZawgyi/Unicode Started date: 25.oct.2020 End date: ???????? လော့ကျန်းပေ့ x လော့ရှန်ဟွာ