အပိုင်း ၉

5.2K 476 8
                                    

unicode

ပိုင်ဝေ့ရှင်း ကြင်ယာတော် ပိုင်ချန်ရှိရာ နန်းဆောင်သို့ ရောက်သောအခါ အဆောင်ဝရှိ အစေခံများမှ မိမိ ဘယ်သူမှန်းသိရင် အတားအဆီးမရှိ ဝင်လို့ရလိုက်သည်။ မင်းသားကတော်ဖြစ်တာမဆိုးဘူး စိတ်ကြိုက် လုပ်လို့ရတယ်😜

'''ဒေါ်လေးရေ  ..ဒေါ်လေးရေ ''
လူမမြင်အသံကြား ရေဒီယိုတော့မဟုတ် ၊ ပိုင်ဝေ့ရှင်း ပင်ဖြစ်သည်။  အသံကျယ်ကြီးဖြင့်အော်ခေါ်ကာ  အခန်းတံခါးဖွင့်ဝင်လာသော တူမဖြစ်သူကြောင့် သောက်လက်စ လက်ဖက်ရည်ပင်သီးသွားရသည်။ 

'' ရှင်းအာရယ် .. ဘယ်လိုဖြစ်လို့ အခုလို အော်ကျယ်အော်ကျယ်နဲ့လာတာလဲ အရင်ကအာ့လိုမဟုတ်ပါဘူး..''

''အော်.. ဒေါ်လေးကလဲ ရှင်းအာက ဒေါ်လေးကိုသတိရလို့ အပြေးလာတာ ဒီမှာ နှင်းဆီပန်းတွေလဲ ခူးလာတယ် အယ်  ရလာတယ်လို့ဆို ပို မှန်မယ်''

ကြင်ယာတော်ပိုင် ကမ်းပေးလာသော နှင်းဆီများကို ကြည့်ကာ တခု တွေးလိုက်မိသည်။ မဟုတ်မှ
အိမ်ရှေ့စံရဲ့ပန်းခင်းထဲကများလား။
''ရှင်းအာ ဒီပန်းတွေ ဘယ်ကရလာတာလဲ.. မဟုတ်မှ ''

''ဒေါ်လေးနော် ရှင်းအာခိုးလာတာမဟူတ်ဘူး..ပိုင်ရှင်ကိုယ်တိုင်ပေးလိုက်တာ.. မယုံရင် ရှောင်ဖေးကိုမေးကြည့်  ..ရှောင်ဖေး နော်နော်''

''ဟုတ်ပါတယ် ကြင်ယာတော်ပိုင်..
ဟို  အိမ်ရှေ့စံကိုယ်တိုင် ခူးပေးလိုက်တာပါ''

''ဘာ အိမ်ရှေ့စံက  ခူးပေးတာ.. မဖြစ်နိုင်တာ..''

''အော် ဒေါ်လေးကလဲ ဖြစ်နိုင်လို့ အခုရလာပြီ...ထပ်မမေးပါနဲ့တော့.. ရှောင်ဖေး သွား ပန်းအိုးထိုးဖို့ သွားပြင်လိုက်... ''
''ဒါနဲ့ ဒေါ်လေး  ရှင်းအာကိုလေ ဧကရီက ကလေးယူဖို့ပြောလိုက်လို့..  အာ့တာ ရှင်းအာ ကလေးမလိုချင်သေးဘူး..  ဒေါ်လေးက  ဧကရာဇ်နဲ့ ဧကရီကိုပြောပေးပါလားဟင်... ''

''ရှင်းအာ  ဒီကိစ္စက ရှင်းအာ အလိုချင်ဆုံးမဟုတ်ဘူးလား ဘာလို့လဲ ''

''အရင်ကတော့ဟုတ်ပါတယ်. အခု မလိုချင်တော့ဘူး... ပြီးတော့ ရှငိးအာ သူ့ကို မချစ်တော့ဘူး ပင်ပန်းလို့ ''

ချစ်သောဗီလိန်လေး 1  (Complete) Where stories live. Discover now