Part-36

21.4K 2.5K 190
                                    

(Zawgyi)🍀🍀🍀🍀🍀🍀

Part-36
(ကိုယ်​..ချစ်​​သော clover...!!..)

ကားမှတ်​တိုင်​​လေးတွင်​​ ​ခေါင်းချင်းဆိုင်​​နေကြ​သော
အ​သေးနှစ်​​ကောင်​၏ မျက်​လုံးဝိုင်းကြီးများသည်​....
စာရွက်​ပိုင်း​လေးတစ်​ခုတွင်​ မြဲမြံ့​နေ​လေသည်​။

"နံပါတ်​တစ်​ မုန့်​ဖိုးပို​တောင်းရန်​၊ နံပါတ်​နှစ်​...
ကျောင်းကလစ်​ထွက်​ပြီး ကားဂိတ်​တွင်​ ဆုံရန်
ဟီးဟီး.. ငါတို့စီစဉ်​ထားတဲ့ အတိုင်းလုပ်​ပြီးပြီ
ကွ..။ ဘယ်​သူမှလဲ မရိပ်​မိဘူး။ ငါတို့​ကျောင်း​ပြေး
လို့ရပြီ ဟိဟိ..."

နှစ်​​ယောက်​သား စာရွက်​ပိုင်း​ပေါ်တွင်​​ရေးထား
သော သူတို့၏ မဟာအစီအစဉ်​ကြီးကို ပြိုင်​တူ
ရွတ်​လိုက်​ရင်း ပါးစပ်​က​လေးကို လက်​​သေး​သေး
များဖြင့်​အုပ်​ကာ ရယ်​လိုက်​ကြသည်​။

"မနက်​က Daddy ဆီက မုန့်​ဖိုး​တောင်းလာ
တယ်​ကွ။ ပြီး​တော့ ကိုကိုကလည်း မုန့်​ဖိုး​ပေး
လိုက်​​သေးတယ်​.. မုန့်​​တွေများကြီးစားကြမယ်
နော်​ တိမ်​ငယ်​..."

"ငါက​တော့ မုန့်​ဖိုးအများကြီး မ​တောင်းလာမိဘူး
ရွက်​စိမ်းရ.."

"ငါတစ်​​ယောက်​လုံးရှိတယ်​ စိတ်​မပူနဲ့.."

"အွင်း..အွင်း ပြီး​ရော ​ရေခဲမုန့်​ ဝယ်​စားကြမယ်​​နော်​.."

အ​သေးနှစ်​​ကောင်​သည်​ ​ခေါင်းတငြိမ့်​ငြိမ့်​လုပ်​ရင်း
ဝယ်​စားမည့်​မုန့်​များအ​ကြောင်းကို အားကြိုး
မာန်​တက်​​ပြော​နေကြသည်​။ တစ်​ခုခုကို​တွေးမိ
သွားပုံရ​သော.တိမ်​ငယ်​က နားထင်​​လေးကို
လက်​ညိုး​လေးနှင့်​ ကုတ်​ခြစ်​ရင်း​ပြောလာသည်​။

"ဒါနဲ့ ငါတို့က ​ကျောင်း​ပြေးပြီး ဘယ်​သွားကြမှာ
လဲ ရွက်​စိမ်း.."

"အင်​.. ငါ..ငါ အဲ့တာစဉ်းစားဖို့ ​မေ့သွားတယ်​...
ကစားကွင်းသွားကြရင်​​ရော...ငါ ကစားကွင်း..
သွားချင်​​နေတာ ကြာပြီကွာ.. ကိုကိုကလိုက်​ပို့
မယ်​.ဆိုပြီး အခုထိ မပို့​သေးဘူး ဟွန့်​..."

Clover your'e my clover[Completed]Where stories live. Discover now