မီးနီ နည်းနည်း🚫🚫

9.3K 332 13
                                    

#uni

ကလေးရှင်းပြလို့ ကလေးတို့အကြောင်းသိလာရတယ် ချစ်တို့ငယ်ငယ်ကဘယ်လောက်အထီးကျန်လိုက်မလဲနော်

ကိုယ်ကမိသားစုအကြောင်း အားရပါးရပြောချိန်မှာ မျက်လုံးကအရောင်လက်ပြီး သေချာနားထောင်လိုက် ရယ်လိုက် လုပ်နေတတ်တဲ့ချစ်ပုံရိပ်လေးကိုတောင်မြင်ယောင်မိတယ်

ချစ်တို့ချမ်းသာတယ်ဆိုတာသိတယ်...ဒါပေမဲ့ဘယ်လောက်ချမ်းသာလဲ မမေးဖူးသလို လိုမှမလိုတာ ဒါပေမဲ့ချစ်က ငါလေးကိုအရမ်းချစ်တာတော့သိတယ်လေ...အမြဲရိုက်လိုက် ဆူလိုက်လုပ်​နေပေမဲ့ ငါလေးလိုချင်ရင် ချက်ချင်းရသလို အမြဲမုန့်ဝယ်ကျွေးတယ်မလား အိမ်သွားတိုင်းလဲစားစရာတွေအမြဲလုပ်ပေးသလိုတာရော

တကယ် ကလေးလောက်နီးနီး အများကြီးချစ်ပေးတါ​​မလား... ငါ​​လေးကိုသူသာပြောပေမဲ့သူများပြောရင်​တောင်မကြိုက်တဲ့ လူစားမျိုး အပေါင်းအသင်းသိပ်မရှိတဲ့ချစ်က အမှန်တော့... ကိုယ့်တစ်ယောက်ထဲကိုသာ စိတ်ရင်းနဲ့ပေါင်းခဲ့တာကို

အားနာလာမိတယ်...ဒီလောက်ကောင်းပေးတါတောင် ငါလေးက ခုစိတ်ဆိုးနေတယ်တဲ့လား... အမှန်က ငါလေးကရောမေးခဲ့လို့လား...တံခါးဖွင့်လိုက်တော့ ကလေးက လူကိုဖက်ပြီး

"စိတ်ဆိုးပြေသွားပြီလား...ကျွန်တော်ကစိတ်ပူနေတာ မ ထွက်သွားမှာကို..''

ကိုယ်ကလဲ..ခါးလေးကိုပြန်ဖက်လိုက်ပြီး

"သွားစရာလား...ကိုယ်မှ ကလေးနဲ့မခွဲနိုင်တာနောက် ကလေးချမ်းသာတာဆင်းရဲတာ ငါလေးဂရုမစိုက်ဘူး...ငါလေးက တကယ် ကလေးမို့လို့ကိုချစ်တာ..''

ပြောလိုက်တော့ ရင်ခွင်ထဲကငါလေးရဲ့ ပါးနှစ်ဖက်ကိုလက်နှစ်ဖက်နဲ့ညှစ်ပြီး ခေါင်းကိုမော့ခိုင်းစေပြန်ရော နောက်တော့ ကလေးက

"စကားတတ်လိုက်တာ...ဆုချရမယ် ''

ပြောပြီး နှုတ်ခမ်းလေးကိုထိရုံလေးသာထိတယ်..ငါ​​လေးကနှုတ်ခမ်းဆူပြလိုက်တော့

"အသဲယားအောင်လုပ်နေတာလား..''

"ခု ထိရုံလေး ထိတာကို..''

"ဟိုတစ်ခါမကြီး ပြောထားတာ မမှတ်မိဘူးလား..''

ဟုတ်သား...ချစ်က ဟိုတစ်ခါမိကတည်းက
လုံးဝနမ်းရုံကလွဲရင် kissingတောင်မဆွဲရဘူးပြောထားတာပဲ

fujoမရဲ့ရည်းစား...သူကUke မဟုတ်ပါဘူး💖(Completed) Where stories live. Discover now