Cha-3

10.1K 1.8K 115
                                    

[Unicode]

ယွီချင့်ဟွမ်သည် မီးနီ​နေတာကိုအ​ကြောင်းပြုလို့ ထိုသူ၏လက်ကိုကိုင်ဆွဲကာ လမ်းဖြတ်ကူးလိုက်​လေသည်။ ထိုသူအား လမ်း​ဘေးတ​နေရာ​သို့​ ချထားပေးပြီး​သောအခါမှ ​ပြောလိုက်သည်။

"ဒီ​နေရာက အဆင်​ပြေတယ်"  

ဒီ​လောက် လူ​ကောင်ကြီးကြီး​နေပြီကို လမ်းမကူးတက်ဘူးလို့​ပြောရဲ​သေးတယ်​ပေါ့....

ဒီ​နေ့သူဟာစိတ်​ကောင်းလေးကို အဆုံးစွန်ထိ ထိန်းသိမ်းထားချင်သည့်အတွက် ထိုသူနောက်ထပ် ဘယ်လိုဇာတ်လမ်း​တွေဆင်နိုင်​သေးလဲဆိုတာ ​စောင့်ကြည်​နေလိုက်​တော့၏။

ထိုလူကသူ့လက်ကိုသူကြည့်လိုက်ပြီးလျှင် ယွီချင့်ဟွမ်ရဲ့လက်ကိုပါကြည့်လိုက်ပြန်တယ်။ ပြီးလျှင်ဘာစကားတခွန်းမှမဆိုဘဲ ဒီအတိုင်းရပ်​နေပြန်၏။

ယွီချင့်ဟွမ်မှာ တဖက်လူ၏လူမှုဆက်ဆံ​ရေးညံ့ဖျင်းမှုကို စိတ်ထဲကျိတ်ဆူပူလိုက်မိ​​လေ​တော့သည်။ ​

ထို့​နောက်တွင် လေနှင့်အတူလွင့်​ချင်တိုင်းလွင့်နေသည့် သူ၏ဆံနွယ်များအား လက်ဖြင့်တချက်သပ်တင်လိုက်ပြီး အနီးတဝိုက်ကို ဖြန့်ကျက်ကြည့်ရှုလိုက်​သည့်အခါ Shang pi nai ​ဒေသမုန့်​​ရောင်းသည့်ဆိုင်အား မြင်လိုက်​ရသော်သူ့မျက်လုံးများကဝင်းလက်တောက်ပလို့သွား​လေ၏။

​မြောက်ပိုင်း​ဒေသရှိ ​ဆောင်းရာသီဟာ ​ခြောက်သွေ့အေးခဲ​နေတက်သည်။ဒီအချိန်မှာ ​နွေး​ထွေးပြီးအရသာရှိတဲ့ အစားအစာစားဖို့ အချိန်​ကောင်းပင် ဖြစ်သည်။

နတ်ဖက်တဲ့အရသာကို​ တွေးမိလိုက်​လေလျှင် သူသည် ချက်ချင်းပဲနံဘေးကလူအား ပစ်ထားခဲ့ပြီး ဆိုင်​သေး​သေး​လေးထဲ တန်းဝင်လို့သွား​လေ​တော့သည်။

အခုချိန်မှာ အလုပ်ချိန်ဖြစ်​နေသည့်အတွက် ဆိုင်ထဲတွင် လူသိပ်မရှိ​​နေပေ။ကြည့်​ပျော်ရှု​ပျော်ရှိသည့် မိန်းမငယ်​လေးတချို့သာ ​ကောင်တာမှာထိုင်လို့ အချင်းချင်းစကား​ပြောဆိုတွတ်ထိုး​နေကြ​ပေသည်။

ယွီချင့်ဟွမ်သည် ထိုမြင်ကွင်းအား စက္ကန့်ပိုင်းလောက် အရသာခံကြည့်လိုက်ပြီးမှ ​နောင်တတရားဖြင့်​ခေါင်းကို ခါယမ်းလိုက်မိ​ပေ၏။

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now