🤍 အပိုင်း 10🤍

17.3K 517 2
                                    

Unicode:

Unrequited Love Means~

🤍 အပိုင်း 10 🤍

"မင်းကို Direct.....Indirect နဲ့ Active...Passive ကို မရောပါနဲ့လို့ ငါပြောနေတာ အခေါက်တစ်သိန်းလောက်ရှိပြီ အခုထိ မင်းဦးနှောက်က မမှတ်နိုင်သေးဘူးလား..... "

မိုးစွေက အဆူခံရတော့ ခေါင်းကိုတဗျင်းဗျင်းကုတ်သည်.....

"ကိုစျေဟာတွေက ရှုပ်နေတာပဲ ကျွန်တော်ဘာမှ မမှတ်တတ်ဘူး "

"အဲ့ Grammer တွေက မင်း ၇တန်းထဲက သင်လာရတာလေ .... မင်း ၇တန်းကို ဘယ်လိုအောင်လာလဲ "

"အဲ့တာတွေ မဖြေဘဲ ထားခဲ့ပြီး အောင်လာတာ ..... "

မိုးစျေက စိတ်မရှည်သလောက် မိုးစွေကလဲ အားမကျမခံ ဘုပြောပြောသည်....

"ဒီမှာတွေ့လား ထပ်မှားပြန်ပြီ .... active passive က Tense ပြောင်းရုံပဲ ... direct & indirect ကမှ pronoun တွေပါလိုက်ပြောင်းရတာ ....
ဘာကိစ္စ Active Passive မှာပါ pronoun တွေ လိုက်ပြောင်းထားရတာလဲ "

"မသိတော့ဘူးဗျာ ကျွန်တော် အဲ့ Grammer နှစ်ခု မသင်ချင်ဘူး အရမ်းရှုပ်တယ် တခြားဟာ ပြောင်းသင်ကြမယ်ဗျာ ...."

"ဘာကို မသင်ချင်တာလဲ .... ဒီနှစ်ခုက မင်းဆယ်တန်းရောက်တဲ့အထိ တောက်လျှောက်ပါနေမှာ .... မင်းကိုငါလွယ်တဲ့ ဟာလေးတွေပဲ ဖြေခိုင်းထားတာ တောင် မင်းတောက်လျှောက်မှားနေတာ ... ခက်တဲ့ မေးခွန်းတွေဆို မင်း ဘယ်လိုဖြေမလဲ "

"ကိုစျေရဲ့ အခုမေးခွန်းတွေက လွယ်တယ်လို့ပြောလိုက်တာလား ..... အဲ့ထက်ခက်တာတွေ ရှိသေးတယ်ပေါ့ "

ညီဖြစ်သူ မိုးစွေရဲ့ စကားကို အလိုမကျမှုကြောင့် မိုးစျေ မျက်မှောင်ကျုံ့လိုက်မိသည်......

"ဟာဗျာ ..... ဘာလို့ အဲ့ အင်္ဂလိပ်စာတွေက အဲ့လောက်ထိ ရှုပ်နေရတာလဲ ... ကျွန်တော် တခြားဟာပြောင်းလုပ်မယ်ဗျာ.... သင်္ချာတွက်မယ် အဲ့တာကောင်းတယ် ကျွန်တော် သင်္ချာတွက်ချင်တယ်ဗျာ.... "

"မရဘူး "

"ဟာဗျာ ဘာလို့လဲ "

"မင်းက ကိုယ်ရတဲ့ဘာသာပဲ စွတ်လုပ်ပြီး
မရတာကို ပတ်ပြေးချင်နေတာလေ ....
တစ်ပတ်လုံးမှာ ဒီတစ်ရက်ပဲ မင်းငါနဲ့ သင်ရတာ.... ဒီတစ်ရက်က ငါ့စိတ်ကြိုက်ဘာသာတွေ မင်းကိုလုပ်ခိုင်းမှာ "

🤍 Unrequited Love Means 🤍Where stories live. Discover now