.. ၁၉၃ ..
6.6K 677 28
《Zawgyi》
အပိုင်း - ၁၉၃
[လက်မထပ်ခင် နေ့ရက်တွေ - ၁]
နောက်တစ်နေ့မနက် အလုပ်သွားတဲ့လမ်းမှာ ချင်းစုယွဲ့က ကျုံချင်းထံ မက်ဆေ့ခ်ျတစ်စောင် ပို့လိုက်ပြီး ကျုံချင်းနဲ့ ကျွမ်ကျူးကြားက ထင်မှတ်မထားတဲ့ ရင်းနှီးမှုအကြောင်း မေးလိုက်လေသည်။
ကျုံချင်းက သူမအလုပ်ကို အပြေးအလွှားသွားနေတုန်း ဖြစ်သဖြင့် ရိုးရိုးရှင်းရှင်းသာ ပြန်ဖြေ၏။
"ငါအားတဲ့အခါ ရှင်းပြမယ်လေ"
ဤသို့ဖြင့် သူမတို့နှစ်ယောက်ဟာ ညနေပိုင်းမှာ ညစာအတူစားဖို့ စီစဉ်လိုက်ကြသည်။ ချန်းစီနျန်က သူမကိုဖုန်းခေါ်ပြီး လာကြိုတော့မည်ဟု ပြောတဲ့အခါမှာ ချင်းစုယွဲ့က ချိန်းထားတာရှိ၍ သူမဘာသာ ညစာစားတော့မည်ဟု ပြောလာလေသည်။
"ညစာစားဖို့ ချိန်းထားတာ?"
သူ့လေသံက မပျော်မရွှင် ဖြစ်လို့နေသည်။
"အင်း ... ကျုံချင်းနဲ့ သွားစားမလို့လေ"
ချန်းစီနျန်က သူမတို့ညစာအတူစားရတဲ့ အကြောင်းအား ချက်ချင်းပဲ သဘောပေါက်၏။ ထိုအချိန်၌ မနေ့ညက သူများကိစ္စ ဝင်ပါခဲ့မိတာကို နောင်တရလာသည်။
"ဘယ်အချိန်ပြန်ရောက်မှာလဲ?"
"အခြေအနေအရပေါ့လေ"
ဤသည်က အဆိုးဝါးဆုံးသောအဖြေမျိုးပင် ဖြစ်မည်။
"ဒါဆို ကိုယ် အချိန်ပိုအလုပ်လုပ်နေပြီး ပြီးသွားတဲ့အခါ ရှစ်နာရီခွဲလောက် လာကြိုမယ်"
"ရှင် ဒီနေ့ အချိန်ပိုလုပ်မယ်ဆိုတာ ဘယ်လိုလုပ်ပြီး ကျွန်မက မသိခဲ့မိတာလဲ?"
"ကိုယ့်မိန်းမ မရှိပဲနဲ့ ကိုယ်ကအိမ်မှာ ဘယ်လိုလုပ်ပြီး တစ်ယောက်ထဲနေနိုင်မှာလဲ?  ဘယ်သူမှမရှိတဲ့အိမ်မှာ ကိုယ့်ကိုတစ်ယောက်တည်း စောင့်ခိုင်းစေချင်တာလား?"
သူက မကျေမနပ်ပြော၏။
ထိုအသံကြောင့် ချင်းစုယွဲ့က ပျော်သွားသည်။
"ကျွန်မတို့ လက်မထပ်ခင်တုန်းကကျ ဘယ်သူမှမရှိတဲ့အိမ်မှာ စောင့်နေရတာကို မကျေမနပ်ပြောသံ မကြားမိပါလားနော်?'
"လက်မထက်ခင်နေ့ရက်တွေက လက်ထပ်ပြီးသွားတဲ့အခါ ယှဉ်ဖို့တန်လို့လား?"