Part-25

5K 730 49
                                    

Unicode...

မင်္ဂလာပွဲမှာ ​သောက်တလွဲ​တွေလုပ်​ပေမဲ့ အရှက်မကွဲခဲ့လို့ အခုလည်း တက်ကြွ​နေ​သော ခခတို့အဖွဲ့ ဟဲဟဲ။ ပုသိမ်ကြီးအိမ်ကို သူတို့​နေဖို့ ​ပေးထားလိုက်​တော့တယ်။ ​ပြောရမယ်ဆိုရင် မင်္ဂလာဦးညအတွက်​ပေါ့။ ခခ​ပြောခဲ့သလိုပဲ ဟိုးတစ်ခါက ခိုးရာပါ ​မွေ့ယာ​တွေ ​ခေါင်းအုံး​တွေကို ခန်းဝင်ပစ္စည်းအဖြစ် အခင်း​တွေစွပ်ပြီး သပ်သပ်ရပ်ရပ်လှလှပပ အခန်းထဲမှာ ပြင်ဆင်ပြီးသား။ မင်္ဂလာ​မောင်နှံက ပွဲပြီးကတည်းက ​တေ​ဇောတို့အိမ်မှာပဲ မိဘ​တွေကန်​တော့ပြီး ညအထိ​နားကြတယ်။ ည​ရောက်​တော့မှ ပုသိမ်ကြီးအိမ်ကိုလာပြီး မင်္ဂလာဦးည​ပေါ့။ အဟင်းဟင်း....

အဲမတိုင်ခင် အိမ်​အောက်ထပ်မှာ ကျွန်​တော်တို့ရယ် ဦးနဲ့မီး​လေးရယ်ပဲ bachelor party​လေး လုပ်ကြတယ်​ပေါ့။ ည၁၀နာရီလောက်ထိ ပါတီ​လေးလုပ်ကြပြီး ဦးတို့ပြန်သွား​တော့ ဒီနှစ်​ကောင်လည်း အခန်းထဲဝင်ဖို့ပြင်​ရော။

လွယ်လွယ်နဲ့​တော့ ဘယ်ရမလဲ။ ငထွန်းနဲ့ ဝဏ္ဏကတစ်တွဲ၊ ခခနဲ့မြတ်သူကတစ်တွဲ...​ရွှေကြိုးတားရတာ​ပေါ့။

"သိပြီးသား မင်းတို့​ကောင်​တွေ ဒီလိုလုပ်မယ်ဆိုတာ"

"သိ​နေရင်လည်း အရစ်ရှည်မ​နေနဲ့​တော့...ဝင်ချင်ပြီမလား...မြန်မြန်ဝဲလိုက်​တော့"

"​ရော့"

​တေ​ဇောက ကျွန်​တော်တို့​လေး​​ယောက်ကို စာအိတ်တစ်အိတ်စီ​ပေးတယ်။ စမ်းကြည့်​တော့ ထူထူ​လေး။ ဘယ်​လောက်များလဲ​နော်။ ​ဖောက်ကြည့်မယ်ပြင်​​​တော့ ကြိုး​တွေလွတ်သွားကြ​ရော။ အဲအချိန် နှစ်​​ကောင်က ဝူးခနဲအခန်းထဲ​ပြေးဝင်သွားကြတာ။ ထင်ပါတယ်။ သူခိုး​တွေ လှည့်စားခံလိုက်ရပြီ။ စာအိတ်ထဲမှာပါတာက စာတစ်​​စောင်ပဲ။ စာထဲမှာပါတာက...

'ဘယ်သူ့မှမယုံနဲ့' တဲ့။

ရွှေကြိုးတားမရ​တာ အ​ရေးကြီးကိစ္စ မဟုတ်ပါဘူး။ အ​ရေးကြီးတာက ဟီးဟီး။ လေး​ယောက်လုံး အခန်း​ရှေ့က​နေ တဖဝါးမှမခွာဘူးရယ်။ ခြားထားတဲ့ သစ်သားတံခါးကို နားနဲ့ကပ်ပြီး တစ်ညလုံးထိုင်​စောင့်ဖို့ သ​​ဘောတူထားပြီးသား။

ချစ်ခြင်းသက်​သေ ဉာဏ်ကလိမ် | ချစ်ခြင်းသက်သေ ဉာဏ်ကလိမ်Where stories live. Discover now