9.1

4.6K 914 49
                                    

SCROLL DOWN FOR ZAWGYI

UNICODE

CH9-NOT BECAUSE HE CAN'T BUT BECAUSE HE WON'T

ဗုဒွဟူးနေ့ နေ့လည် ၂နာရီ၅မိနစ် ။
လုဖုန်းတစ်ယောက် တက္ကစီစီးကာ Acelier Hotelရှေ့သို့ပင်ရောက်ခဲ့လေပြီ ။ ဟိုတယ်ထဲသို့မဝင်ခင် လုဖုန်း ရှန့်မင်အော်အား ဖုန်းလှမ်းဆက်လိုက်သည် ။

ရှန့််မင်အော် ဖုန်းမကိုင်သေး ။ ဖုန်းနားမှာ လူမရှိ၍ဘဲလား သို့မဟုတ် လုဖုန်းမှန်းသိ၍တမင်သက်သက်မကိုင်ခြင်းပဲလားဆိုသည်ကိုတော့ သူမသိ။

ဒီလိုအသေးအမွှားကိစ္စလောက်သည် သူ့ကိုစိတ်အနှောင့်အယှက်ပင်မဖြစ်စေ ။ ထို့ကြောင့် လုဖုန်း Message boxကိုသာဖွင့်လိုက်ပြီး ယခင်ရက်အနည်းငယ်က ရိတကျွမ့်သူ့အားပို့ထားသော ဓာတ်ပုံအား ရှန့်မင်အော်ထံပို့လိုက်တော့သည် ။ ဓာတ်ပုံထဲတွင် ရှောင်းမော့ယွီနှင့်ဖန်းလီတို့နှစ်ဦးသား စိတ်လှုပ်ရှားပြင်းထန်စွာနမ်းနေကြသည်ကို အမိအရရိုက်ယူထားပေ၏ ။

ဓာတ်ပုံထဲရှိ အလင်းရောင်ကား မှိန်ကောင်းမှိန်နေလိမ့်မည် ။ သို့သော် သူတို့နှစ်ယောက်လုံး၏ အပြုအမူလှုပ်ရှားမှုဟန်ပန်တို့တွင် ပေါ်လွင်နေသောစိတ်အားထက်သန်မှုအား  မဖုံးကွယ်နိုင် ။  ဤသို့သောအရာမျိုးသည်  ၅၂၈ သန့်စင်သောမေတ္တာနှင့်ချည်နှောင်ထားသောဆက်ဆံရေးမျိုးမဟုတ်မှန်း ဓာတ်ပုံကိုကြည့်မိသူတိုင်း နားလည်သဘောပေါက်ပေလိမ့်မည် ။

နှစ်မိနစ်ခန့်ကြာသောအခါ ဖုန်းဝင်လာသည်ဟု အချက်ပြသော Ringtoneသံနှင့်အတူ ရှန့်မင်အော်၏နာမည်က ဖုန်းစခရင်ပေါ်တွင် ထွက်ပေါ်လာတော့၏ ။

"အခု ကျွန်တော့ကိုစကားပြောချင်ပြီပေါ့ !? " လုဖုန်း ပထမဆုံးပြောလိုက်သည် ။

"မင်း ဘာလုပ်ချင်နေတာလဲ "

ရှန့်မင်အော်၏ အသက်ရှူသံကား လေးလံခက်ထန်နေခဲ့၏ ။ မသိလျှင် ပြင်းပြင်းထန်ထန်အားကစားလုပ်ထားသည့်အတိုင်း ။

"မြို့လယ်ခေါင်က Acelier Hotelကိုလာဖို့ ကျွန်တော် အချိန်၁၅မိနစ်ပေးမယ် ၊ နောက်မကျပါစေနဲ့ "

Flying Gulls Never Land [ဘာသာပြန်]Where stories live. Discover now