°22°

19.1K 1.4K 39
                                    

*အားဝမ်..ကျဲ ပြောတာ သေချာနားထောင်နော်*

မတုန်မလှုပ် ဖြစ်သွားသည့် ကလေးငယ်ကို သူမနဲ့ယွီပင်းမှာ ဘေးကအဖော်ပြုပေးရသည်။ အခုလဲ ဆိုဖာပေါ် ငြိမ်ငြိမ်လေးထိုင်နေကာ ဘာမှမပြော။ မျက်နှာသေလေးနဲ့ နားထောင်နေသည်။

*အပြင်မှာ ရှောင်းကျန့်ရောက်နေတယ်..!! အားဝမ် အ‌ေကြာင်းလဲ သူအကုန်သိနေပြီ။ သူက အားဝမ်နဲ့ တွေ့ချင်တယ်တဲ့*

*သူ့နာမည် မကြားချင်ဘူး ကျဲ..!*

အေးစက်စက် ထွက်လာသော အားဝမ်စကားသံကြောင့် သူမနဲ့ ယွီပင်းမှာ အကြည့်ချင်း စုံသွားရသည်။ အခုနောက်ပိုင်း ရှောင်းကျန့်ဆိုသည်နှင့် အားဝမ်က ခါးခါးသီးသီး ဖြစ်နေလေသည်။

*မဟုတ်ဘူးလေ အားဝမ်ရယ်..! အားဝမ်က ပြတ်နိုင်တယ်ဆိုရင်တောင်မှ အားဝမ်ဗိုက်ထဲက ကလေးလေးအတွတ်..!*

*တော်ပါတော့ ကျဲရယ်..!! ကလေးမျက်နှာကို ကြည့်ပြီး သူ့ကိုပြန်ဆက်သွယ်ရမယ်ဆိုရင် ကျွန်တော် ဒီကလေးကို ဖျတ်ချမယ်*

*အားဝမ်..!!*

အထိတ်တလန့် အော်လိုက်သည့် ဝမ်ကျဲလီက တော်တော်လန့်သွားပုံ။ နူးညံ့ပြီး ဖြူစင်လွန်းသည့် သူမမောင်လေးက လူသတ်ဖို့ကို သွေးအေးအေးနဲ့ ပြောနေသလိုပင်။ ဘာတွေများ ဖြစ်သွားတာလဲ။

*အားပင်း ရှောင်းကျန့်တို့ကို အားဝမ်က အတွေ့မခံချင်ဘူးလို့ ပြောလိုက်ပါ*

*ဟုတ် ကျဲ*

ယွီပင်းထွက်သွားမှ ကျဲက ရိပေါ်လက်ကို ခပ်ဖွဖွဆုပ်ကိုင်သည်။ ရိပေါ် ငိုချင်ပေမယ့် မျက်ရည်မကျ။ သူ အားရှိမှဖြစ်မည်။ သူ့ရဲ့ဘာမှန်းမသိသေးသော ကလေးလေးအတွတ် သူ ခွန်အားတွေ ပြည့်နေမှ ရမည်။

စောနက ဖျတ်ချမယ်ပြောမိလိုက်လို့ တောင်းပန်ပါတယ် ကလေးလေးရယ်။

*အားဝမ်..! ကျဲ ပြောပြမယ် သေချာနားထောင်နော်။ အားဝမ်ရဲ့ဗိုက်ထဲက ကလေးလေးက မွေးဖွားလာခဲ့ရင် အဖေခေါ်စရာ မရှိပဲ ဖြစ်မှာမကြောက်ဘူးလား.?
သူ့မှာ အခြားကလေးတွေကြားထဲ မျက်နှာငယ်နေမှာ မဆိုးဘူးလား ဟင်။ အားဝမ်အတွတ် မဟုတ်ရင်တောင် ကလေးလေးအတွတ် ရှောင်းကျန့်ကို ပြန်လက်ခံလိုက်ပါလား အားဝမ်ရယ်*

RestartWhere stories live. Discover now