*သားငယ် သက်သာလား.။ မသက်သာရင် တစ်ခါထဲ ဆေးရုံသွားကြမယ်*
ဝမ်ရိပေါ်တို့ အစွမ်းက ထက်လှသည်။ ညနေက ရေဘဝဲသုပ်စားမိပြီး ခနနေတော့ ဗိုက်တွေအောင့်လာ၍ ရှောင်းကျန့်မှာ အဝတ်အစားတွေတောင် ပြန်မလဲနိုင်သလို ပြာပြာသလဲ ဂရုစိုက်နေရသည်။ ရှောင်ပါးကပါ သတင်းရပြီး လိုက်လာကာ ဒီရောက်တော့ အသေအကြေ အဆူခံလိုက်ရသည်။
*သက်သာပါပြီ အန်ကယ်..! အားဝမ်က အခု ခနအနားယူနေပါတယ်*
*အေးအေး.. ပြီးမှပဲ အပေါ်တက်ကြည့်တော့မယ်။ ကလေးနားပါစေ*
ဝူယဲ့တို့ကော ယွီပင်းတို့ကပါ ရှောင်းကျန့်ကို စိတ်ဆိုးသည့်ပုံဖြင့် ဝိုင်းကြည့်နေကြလေသည်။ ရှောင်ပါးကတော့ အံတကြိတ်ကြိတ်ဖြင့်။ သူ၏ချစ်လှပါချည်ရဲ့ဆိုသော ရှောင်းကျန့်ကို အခုတော့ ထုရိုက်ချင်နေသည့်ဟန်။
*မင်းမသိဘူးလား ရှောင်းကျန့်။ ဒီအသက်အရွယ်ရောက်နေပြီ အစစအရာရာ လိုက်ပြောနေရမှာလား..! ကလေးသာ တစ်ခုခု ဖြစ်သွားရင် ဘယ်လိုလုပ်ကြမလဲ ဟမ်*
ရှောင်ပါး၏ ဆူငေါက်မှုကို ရှောင်းကျန့်က ခေါင်းငုံ့ခံသည်။ ဗိုက်တွေထိုးအောင့်လာသည့် ချာတိတ်ကြောင့် သူကိုယ်တိုင်လဲ လန့်သွားရသည်။ မျက်ရည်တွေပါ ကျပြီးငိုလာသည့် ချာတိတ်ကြောင့် စိုးရိမ်စိတ်က ပိုဝင်လာတာပင်။
*အခုလဲ သက်သာနေပါပြီ အန်ကယ်။ အားဝမ်ကကို ဆိုးနေတာပါ*
*ကလေးကဆိုးရင်တောင် လူကြီးဖြစ်တဲ့သူက သိကိုသိရမှာ*
ရှောင်းကျန့် ညနေက ချာတိတ်နဲ့သူ အဆင်ပြေပြီ ထင်သွားတာပင်။ ဦးကျန့် ဘာညာဆိုပြီး ခေါ်လိုက်တော့ အလိုလိုက်ချင်စိတ်က အလိုလိုပေါ်လာရော။ ပါးပြောသလိုပဲ ကလေးကဆိုးရင်တောင် သူက ထိန်းသင့်တာပဲ။
*ကလေး သက်သာပြီလား သွားကြည့်။ ငါ ဆန်ပြုတ်ပြုတ်ခိုင်းထားတယ် တစ်ခါထဲ ယူသွား*
ရှောင်းကျန့် မျက်နှာမကောင်းစွာ အကုန်လုံးရှေ့က ထွက်လာလိုက်သည်။ ဆန်ပြုတ်ပန်းကန်ယူပြီး အပေါ်တက်လာတော့ ချာတိတ်က မှိန်းနေတုန်းပင်။
YOU ARE READING
Restart
Fanfictionဖြူဖြူစင်စင်လေးဆို ကိုယ်က အသဲတယားယားနဲ့ ခြေမွပစ်ချင်နေရော #ရှောင်းကျန့် ဦးကျန့်က ကျနော့်အတွတ် နားမလည်ဆုံးနဲ့ အခက်ခဲဆုံး ပုစ္ဆာပဲ #ရိပေါ်