Episode 3

1.2K 132 2
                                    

သူအိမ်ထဲကို အပြေးအလွှားဝင်လိုက်တယ်.. Kyungsooကတော့ ဧည့်ခန်းထဲကsofaပေါ်မှာ အိပ်ပျော်နေတုန်း... ကလေးလေးအတိုင်း အိပ်ပျော်နေတဲ့Kyungsooကို ကြည့်ပြီး JoonMyunပြုံးလိုက်တယ်.. Kyungsooရဲ့နဖူးပေါ်မှာကျနေတဲ့ ဆံပင်လေးတွေကို သပ်ပေးရင်း နဖူးလေးကို ဖွဖွလေး နမ်းလိုက်တယ်.. ၆လလုံးလုံး သူအဝေးကနေပဲ ကြည့်ခဲ့ရတဲ့ Kyungsoo..သူထိတွေ့လို့မရတဲ့ Kyungsoo.. အခုတော့ သူထိတွေ့ခွင့်ရပြီ..

Kyungsooရဲ့ ခန္ဓာကိုယ်သေးသေးလေးကို JoonMyunပွေ့ချီလိုက်ပြီး အိပ်ရာပေါ်ကို ဖြည်းဖြည်းလေးတင်လိုက်တယ်... Kyungsooကတော့ မနိုးပါဘူး.. တနေကုန်ပင်ပန်းတာနဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေလေရဲ့...

JoonMyun.. Kyungsooရဲ့ဘေးမှာလှဲလိုက်ပြီး Kyungsooကို ရင်ခွင်ထဲထည့်ပြီး ဖက်ထားလိုက်တယ်.. ၂ယောက်ခုတင်က အခုမှပဲပိုပြီးတော့ ပြည့်စုံသွားသလို..

Kyungsoo လန့်နိးလာတယ်..မနေ့ညက သူ့အိပ်မက်ထဲမှာ အကိုပြန်လာတယ်တဲ့..ဘာကြောင့်မှန်းမသိ သူ့ပခုံးမှာ နွေးထွေးတဲ့အထိအတွေ့တွေကို ခံစားမိနေတယ်.. နာရီလှမ်းကြည့်လိုက်တော့ ၉နာရီထိုးနေပြီ...

"ဒုက္ခပဲ..မနေ့က ငါသေချာ နှိုးစက်ပေးထားပါတယ်.." အိပ်ရာပေါ်က ထပြီး အလုပ်သွားမလို့လုပ်တုန်း အရမ်းမွှေးတဲ့ထမင်းကြော်နံ့ သူရလိုက်တယ်..

"အဲ့ဒါ..." မျက်လုံးအဝိုင်းသားနဲ့ Kyungsooအံ့သြပြီး မီးဖိုချောင်ကို ပြေးတော့တယ်.. အဲ့ဒီထမင်းကြော်ကို အဲ့လိုအနံ့နဲ့ သူမတူတဲ့အရသာဖြစ်အောင် ကြော်နိုင်တဲ့သူ ၁ယောက်ပဲ ရှိတယ်လေ...မီးဖိုချောင်က မြင်ကွင်းက Kyungsoo အသက်ရှူရပ်လောက်အောင်ကို အံ့အားသင့်စရာ ဖြစ်စေတယ်..

ရှပ်အင်္ကျီအဖြူရောင်..ဂျင်းဘောင်းဘီ နဲ့ နတ်သားလို့တောင်ထင်ရတဲ့လူ၁ယောက် မီးဖိုချောင်ထဲမှာ သီချင်းလေး တအေးအေးနဲ့ ချက်ပြုတ်နေလေရဲ့.. မီးဖိုချောင်ပြူတင်းပေါက်က ဖြာကျနေတဲ့နေရောင်ခြည်က သူရဲ့ခန့်ငြားမှုကိုမီးမောင်းထိုးပြနေသလိုလို..

"ခင်ဗျား ဘယ်သူလဲ" Kyungsoo မျက်လုံးအဝိုင်းသားနဲ့ လှမ်းမေးလိုက်တယ်...

"Soo Sooလေး နိုးပြီလား အိပ်ရေးရောဝရဲ့လား.. မျက်နှာသစ်လိုက်ဦး.. ကိုယ် Breakfastလုပ်တာပြီးတော့မယ်" Kyungsooကို လှည့်မကြည့်ဘဲ ဖြေလိုက်ပေမယ့် JoonMyunရဲ့အသံကို Kyungsooကောင်းကောင်း မှတ်မိနေသေးတာပေါ့..

Rain Drop On EarthWhere stories live. Discover now