စာစဉ် ၈ (၁၁-၃၀)
4.5K 479 15
စာစဉ် ၈၊ အခန်း ၁၁။  သူ့အမျိုးသမီးမဟုတ်ဘူး (1)
ဂူယူရှန်း သတင်းတွေကို ဂရုတစိုက်မဖတ်ဖြစ်ပဲ ဟိုဟိုသည်သည်လျှောက်ကြည့်နေရင်းက
လျန်ဒေါ့ကူဆိုတဲ့နာမည်က ပေါ်လာတာမို့ သူပြန်ရှာလိုက်မိသည် ..
“အနုပညာရှင် လျန်ဒေါ့ကူက သင့်ကို သူမရဲ့မွေးနေ့ပွဲကို ဖိတ်ကြားလိုက်ပါတယ် ။ CSK Live မှ ကြွရောက်ပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်”
မွေးနေ့ပွဲ လား ။ လျန်ဒေါ့ကူမွေးနေ့က နီးပြီလား ။
ဂူယူရှန်းတွေးရင်း မျက်ခုံးတို့တွန့်ချိုးမိသည် ။
အဲ့ဒီနောက် သတင်းကို ဆက်ဖတ်ဖို့နှိပ်လိုက်တော့
လျန်ဒေါ့ကူ ပုံ.....
သူမက တကယ်လှသည် ၊
သူမမျက်လုံးတွေက ပုံမှန်လောက် ပြင်းရှမနေပဲ ကြည်လင်လို့နေ၏ ....
ဓာတ်ပုံရိုက်ချက်ကြောင့် နဂိုနဲ့သိပ်မတူတာ ဖြစ်လိမ့်မယ်လို့ပဲ တွေးပြီး သူ ဒီသတင်းကို ကျော်လိုက်တော့သည် ။
CSK Live က ပေါ်တာမကြာသေးတာကြောင့် လျန်ဒေါ့ကူရဲ့မွေးနေ့ပွဲအတွက် ကြီးကြီးကျယ်ကျယ် ပြင်ဆင်ပေးလိမ့်မည် ..
သူတို့အနေနဲ့ကလည်း လျန်ဒေါ့ကူရဲ့ အရှိန်အ၀ါနဲ့ သူတို့ရဲ့ထုတ်ကုန်ကို ကောင်းကောင်းကြေငြာချင်တာမို့ ဒီပွဲက ခမ်းနားလိမ့်မှာပင် ။
သတင်းခေါင်းစဉ်အောက်မှာလည်း အချိန်တွေရေတွက်ထားသေးသည် ။
သူမမွေးနေ့ရောက်ဖို့ ၁၁ နာရီ ၃၇ မိနစ်အလိုတဲ့ ...
တရုတ်နဲ့ UK အချိန် ကွာဟချက်က ၇ နာရီရှိတာမို့
တရုတ်မှာ အခု မနက် ၁၂ နာရီ ၂၃ မိနစ်ရှိပြီဆိုတော့
ဒီနေ့က လျန်ဒေါ့ကူမွေးနေ့ပဲ ...
ဒီနေ့က သူမမွေးနေ့ပဲ ဒါနဲ့များ အိမ်အကူဖုန်းဆက်တုန်းက
ဘာလို့ ဘာမှ မပြောခဲ့သလဲ ။
သူမက ဂူယူရှန်းကို ရှောင်ချင်နေတာ ... အဖိုးရဲ့မွေးနေ့ညကတည်းက သူမက သူ့ကိုကြောက်နေခဲ့ပြီး သူ့အလိုကျရှောင်နေခဲ့တာ...။
သူ့နားမှာရှိနေရင် သတိနဲ့နေရတဲ့ သူမ ..
သူ့ကိုမြင်တိုင်း ရှောင်တဲ့သူမရဲ့ပုံစံက ဂူယူရှန်းကို မသက်မသာဖြစ်စေတာအမှန် .. ။