Part-39

22.1K 2.4K 122
                                    

(Zawgyi)🍀🍀🍀🍀🍀

Part-39
(ကိုယ်​...ချစ်​​သော clover..!!..)

"ဟင့်​အင်း.. ကျွန်​​တော်​ မသတ်​ချင်​ဘူး
မသတ်​ပါရ​စေနဲ့ ​တောင်းပန်​ပါတယ်​..."

လက်​​ပေါ်မှထပ်​ကာ အုပ်​ကိုင်​ပြီး ​သေနတ်​​မောင်းကို
ဆွဲကာပြစ်​ရန်​အတင်း​စေခိုင်း​နေသူအား ​တောင်းပန်
နေမိသည်​..။ ​သေနတ်​​ပြောင်း၏ လားရာတွင်​​တော့
ချစ်​စရာ​ကောင်း​သော ​က​လေး​လေး တစ်​​ယောက်
က သူ့လက်​ဖောင်း​ဖောင်း​လေးနှစ်​ဖက်​ဖြင့်​ ယုန်​ရုပ်
လေးကို ပိုက်​ကာရပ်​​နေသည်​။

ပါးကြီးများမို့တက်​လာ​အောင်​ ရယ်​​နေ​သော က​လေး
က​တော့ များမကြာမီကျ​ရောက်​လာမည့်​ ကံကြမ္မာကို
မသိရှာသလို ထိုကံကြမ္မာကို​စေစားရမည့်​ သူမှာ
လည်း သူ့ကို့ချုပ်​ကာစေခိုင်း​နေသူအား ​အသည်း
အသန်​ ​တောင်းပန်​​နေသည်​။ တစ်​ခဏအကြာ
တွင်​ပင်​ ကျယ်​​လောင်​​သော ​သေနတ်​သံတစ်​ချက်
ထွက်​​ပေါ်လာကာ ​သွေးစွန်း​နေ​သော ယုန်​ရုပ်​​လေး
လေးက​တော့​မြေ​ပေါ်သို့ပြစ်​ကျသွား​​လေသည်​...။

တုန်​ရီ​နေ​သော လက်​များကိုပြန်​ကြည့်​ရင်း..
ကမ္ဘာပျက်​​နေမိသည်​။ အ​စောကအတင်းအကြပ်
သေနတ်​​မောင်းကို ဆွဲခိုင်း​သောသူအား ကြည့်​လိုက်
တော့ထိုသူက ​သွေးစွန်း​နေ​သော ယုန်​ရုပ်​​လေးကို
ကြည့်​​နေသည်​။ ခပ်​​ယောင်​​ယောင်​​ပြုံး​နေ​သော..
ထိုသူက ​ကြောက်​စရာ​ကောင်းလွန်းသည်​..။
ထိုသူ၏လက်​တစ်​ဖက်​က ပုခုံးတစ်​ဖက်​ကို
ဆုပ်​ကိုင်​ကာ ​ပြောလာသည်​...။

"Huanyin lai dao tian tang..."

ကိုယ်​နားမလည်​သည့်​ ဘာသာစကားသုံးကာ
ပြောပြီး ​ထွက်​သွား​သောထိုသူကိုသာ ​ကြောင်​အ
ကာ ကြည့်​​နေမိသည်​။ ​အသံတိတ်​​ပြောင်းတပ်​ထား
သော.လက်​ထဲမှ​သေနတ်​ကို တင်းကြပ်​စွာဆုပ်​ကိုင်
ရင်း ​မြေ​ပေါ်သို့ဒူး​ထောက်​ကာကျသွားမိသည်​။

အကွယ်​​နေရာမှ​နေ၍ ငို​ကြွေး​နေကြ​သော
အမျိုးသားကြီးနှင့်​ အမျိုးသမီးကြီးကို ကြည့်​​နေ
မိသည်​။ ​သွေးစွန်း​နေသာ ယုန်​ရုပ်​လေးဆီသို့
အကြည့်​အ​ရောက်​ မျက်​ဝန်းများက အနည်းငယ်
ဂနာမငြိမ်​ဖြစ်​သွားရသည်​..။ ရှုပ်​ယှက်​ခတ်​​နေ​သော
ဆေးရုံကားများနှင့်​ လူစုကို​နောက်​ဆုံးတစ်​​ခေါက်
ကြည့်​ကာ ​နေရာမှလှည့်​ထွက်​လာခဲ့သည်​...။

Clover your'e my clover[Completed]Where stories live. Discover now