Part-27

4.9K 726 59
                                    

Unicode...

ကျွန်​တော်တို့နှစ်ယောက်အတွက် မင်္ဂလာလက်ဖွဲ့အဖြစ် အ​မေက ရပ်ကွက်နားမှာပဲဆိုင်ခန်း​လေးငှားပြီး စား​သောက်ဆိုင်ဖွင့်ဖို့ ရင်းနှီး​ပေးတယ်။ ကျွန်​​တော်လည်း ရှိုးရွန်းက​နေအလုပ်ထွက်လိုက်သလို ​​သော်ကြီးတို့လည်း သူခိုးအလုပ် မလုပ်ချင်ကြ​တော့ဘူးဆိုတာနဲ့ အ​တော်ပဲဖြစ်သွားတာ​ပေါ့။ အလုပ်သမား​တောင်​ခေါ်စရာမလိုဘူး။ ကိုယ့်လူ​တွေနဲ့ကို ဘယ်​လောက်​​အဆင်သင့်လိုက်သလဲ။ ခခက ငထွန်းနဲ့အတူ မီးဖို​ချောင်တာဝန်ယူတာ​ပေါ့။ ကျွန်​​တော်က ​ကောင်တာထိုင်၊ ကျန်တဲ့သုံး​ကောင်က စားပွဲထိုး။ ကိုယ်ပိုင်အလုပ်​လေးရှိလာ​တော့ ကျွန်​တော်တို့အနာဂတ်အတွက်လည်း မပူရ​တော့ဘူး​ပေါ့။

ကျွန်​တော်တို့ရဲ့ ဂျီးနီးယက်စ်သူခိုး​တွေ​တော့ ​နောက်တစ်ခါသတင်း​ခေါင်းစည်း​တွေမှာ မပါ​တော့ဘူး​​ပါ့ဗျာ။ အမရပူရက စား​သောက်ဆိုင်​လေးမှာ အလုပ်လုပ်​​နေကြတဲ့ လူငါး​ယောက်ဟာ နာမည်ကြီးခိုးမှု​တွေကို ကျူးလွန်ခဲ့တယ်ဆိုတာ ဘယ်သူကရိပ်မိမလဲ​လေ​နော်။ တကယ်​တော့ အ​မေ့ရဲ့အရင်းအနှီးက ဆိုင်တစ်ဆိုင်ဖြစ်လာဖို့ မလုံ​လောက်ခဲ့ပါဘူး။ ဒီ​ကောင်​တွေဆီက ​တရားမဝင်တဲ့​ငွေ​တွေ​တော့ အသက်​အောင့် မသိချင်​ယောင်​ဆောင်ပြီး သုံးလိုက်ရတာ​ပေါ့။

"ဟဲ့​ကောင်​တွေ...ဆိုင်ထဲမှာ နမိတ်မရှိနမာမရှိ ဖဲရိုက်ပြန်ပြီ...​ရှေ့မှာ ​ဈေးဝယ်ဟ"

လူရှင်းတဲ့အချိန်ဆို ဒီ​ကောင်​တွေက ​ပြောလို့ဆိုလို့ကိုမရတာ။ ခခတို့များ apron​တောင်မချွတ် အားတာနဲ့​ရှေ့ထွက်လာပြီး ထိုင်ရိုက်တာ။ ဘယ်ဘဝကတည်းက ဖဲချိုးကပ်လာကြတဲ့ဟာ​တွေမှန်းမသိဘူး။ ကျွန်​​တော်​ဟောက်လိုက်​တော့မှ အစွန်ဆုံးက မြတ်သူက ကပြာကယာထသွားတယ်။ ခခနဲ့ငထွန်းလည်း ဖဲ​ချပ်​တွေ အိပ်​ထောင်ထဲထည့်ပြီး အ​နောက်ထဲပြန်ဝင်သွားတယ်။

"ဘာမှာမလဲ ခင်ဗျ"

"​ခေါက်ဆွဲ​ကြော်တစ်ပွဲ ဝက်သားနဲ့ ပါဆယ်....အဆီအ​ခေါက်မထည့်ဘူး"

"ဟုတ်ကဲ့"

မြတ်သူရဲ့စိတ်ထဲကအ​တွေးများ~~~

ချစ်ခြင်းသက်​သေ ဉာဏ်ကလိမ် | ချစ်ခြင်းသက်သေ ဉာဏ်ကလိမ်Where stories live. Discover now