°28°

20.3K 1.3K 62
                                    

*ပါး..*

ရိပေါ် သားသားနဲ့ ဆော့နေတုန်း သူ့ကိုယ်ပေါ် ဖက်တက်လာသည့်သားသားက တစ်ခုခု ဂျီချင်နေသည့်ပုံ။ မနေ့ညက တော်တော်နဲ့မရပ်သည့် ဦးကျန့်ကြောင့် အခုမနက်ကျ လူက သိပ်မလှုပ်ချင်။ ၃နှစ်လုံးလုံး အတူတူ မနေကြပဲ အခုမှနေလိုက်၍ တစ်ကိုယ်လုံး ကိုင်ရိုက်ထားသည့်အတိုင်း။

*သားသားလေး ပြော ဘာလိုချင်လို့လဲ*

*ဒယ့်..အင့်..ဟင့်*

ဦးကျန့်ကို တ ကာငိုလာ၍ သူ့ဒက်ဒီဆီ သွားချင်နေသည်နှင့်တူသည်။ သားသားက ရိပေါ်ထက် ဦးကျန့်ကို ပိုခင်တွယ်သည်။

*ဒယ့်က အလုပ်လုပ်နေတာလေ သားသားရ။ ညနေကျ ပြန်လာမှာလေနော်*

*ဟင့်..အီး..*

အော်ကာ ငိုလာသည့် သားသားကြောင့် ရိပေါ်မှာ ဘာလုပ်လို့ လုပ်ရမည်မသိ။ ပါးပြင်ရဲရဲလေးတွေပေါ် လှိမ့်ဆင်းလာသည့် မျက်ရည်လေးတွေကို ဖွဖွလေးဆွဲသုတ်လိုက်ရင်း

*ကြည့်ပါအုံး မျက်ရည်တွေကျပြီး ရှိုက်တောင် ရှိုက်နေပြီကွာ..! ပါးရဲ့ သားသားလေးကို ပါးက ဒက်ဒီ့ဆီလိုက်ပို့မှာပေါ့..!*

*တကယ်ယား..!*

*တကယ်ပါဗျာ..!ကဲ ဒက်ဒီ့ဆီ လိုက်သွားဖို့ အဝတ်အစား လဲကြမယ်ကွာ*

သားသားလေးကိူ ချီကာ အဝတ်အစားလဲပေးဖို့ ပြင်ရတော့သည်။ ရိပေါ်ကိုဆို အစစအရာရာ အလိုလိုက်သည့် ဦးကျန့်ကြောင့် အခုလိုလိုက်သွားလို့လဲ ဘာမှတော့ ပြောမည်မဟုတ်။

အခုထိ ခြေလှမ်းမပျက်သေးသည့် ဦးကျန့်က အလုပ်ရယ်၊ သူတို့သားအဖရယ်ကလွဲ ဘာကိုမှ စိတ်မရှိပုံ။ ဦးကျန့်က သူ့သူငယ်ချင်းတွေနဲ့တောင် တွေ့ချင်လျှင် အိမ်ခေါ်တွေ့တတ်သည်။ နိုင်ငံခြား ဧည့်သည်တွေလာလို့ ဒင်နာဘာညာကျွေးရလျှင်တောင် အိမ်မှာပဲ ဟိုတယ်ကမှာပြီး ကျွေးသည်။

စိတ်ပြေပြီလားပြောလျှင် ရိပေါ် အကြွင်းမဲ့ မယုံသေးပါ။ သူ့စိတ်ထဲ ကြီးစိုးနေသည်က လွန်ခဲ့သည့် ၃နှစ်က အခြားလူတွေနဲ့ ဖြစ်ချင်တိုင်း ဖြစ်နေသည့် ဦးကျန့်။

ထိုအကြောင်းတွေပြန်တွေးတိုင်း အသဲကနာသည်။ ခွင့်လွှတ်ပေးဖို့ အကြိမ်ကြိမ်ကြိုးစားကြည့်ပေမယ့် သူ မလုပ်ရဲ။ ဦးကျန့် အခုတစ်ခါသာ ဖောက်ပြန်လျှင် ဘာလုပ်မိမည်ဆိုတာ သူ ကိုယ်တိုင်ပင် မခန့်မှန်းနိုင်။
ဦးကျန့်ကို ချစ်ပေမယ့် ဦးကျန့်ဆီက မမျှော်လင့်တဲ့ တစ်စုံတစ်ရာသော အခြေအနေကိုတော့ ကြောက်သည်။

RestartWhere stories live. Discover now