part 54

1.4K 150 2
                                        

Unicode & Zawgyi

(Unicode)

အထပ်မြင့်အိမ်ယာ တိုက်ခန်း၌....

ဝမ်ရိပေါ် ကုတင်ပေါ်၌ လဲလျောင်းနေသူကို အသေအချာ ကြည့်နေမိ၏။

"ကျန့်ကော.... ဘာလို့ သူလဲ...
အားကျိ မဟုတ်ဘူးလား.... "

"......"

ရှောင်းကျန့်မှာ ပြန်လည် အဖြေမပေးနိုင်သေးပေ။

အတွေးပေါင်း မြောက်များစွာနဲ့အတူ ဟေးယွဲ့ကိုသာ ကြည့်နေမိသည်။

'ဟေးယွဲ့ က မြေခွေးနီ လက်သည်းဆိပ်မိထားပေမဲ့ ငါ ကုပေး ထား လို့ အတော်လေး ကောင်းနေပြီပဲ....ဒီလောက်အထိ အခြေအနေဆိုးအောင် တိုက်ခိုက်ခံရတယ်ဆိုတော့ တစ်ဖက်လူက ဘယ်လို လူမျိုးမလို့....'

"ရှောင်းကျန့် ကျွန်တော် နဲ့လိုက်ခဲ့..."

ရှောင်းကျန့် ဝမ်ရိပေါ်၏ အတင်းဆွဲခေါ်သွားမှုကြောင့် သူ၏ အတွေးစတို့ ပြတ်တောက်သွားခဲ့သည်။

"ရိပေါ်....ဘာဖြစ်လို့လဲ...."

"ဒုန်း....!!!"

ဝမ်ရိပေါ် ဘာမှ ပြန်မပြောဘဲ သူ့အခန်းတံခါးကိုသာ ဆောင့်ပိတ်လိုက်လေသည်။

ဝမ်ရိပေါ် ရှောင်းကျန့် ကို အခန်းနံရံ၌
ဖိကပ်ထားရင်း လက်နှစ်ဖက်ကို ဦးခေါင်းထက်၌ ဖမ်းချုပ်ထားသည်။

"ရိပေါ်....အ....နာတယ်ဟ....
ဘာလုပ်တာလဲ... "

ရှောင်းကျန့် သူ့လက်နှစ်ဖက်ကို ဝမ်ရိပေါ်ရဲ့ ချုပ်ကိုင်ထားမှုမှ လွတ်မြောက်နိုင်ရန်  ကြိုးစားကြည့်နေသည်။

'ဒီကောင်လေး ဘယ်တုန်းက ဒီလောက် အားသန်သွားတာလဲ....ရူးတော့မှာပဲ...ရုန်းလို့လည်းမရဘူး...'

ဝမ်ရိပေါ် ပြန်ဖြေခြင်းအလျှင်းမရှိဘဲ
ရှောင်းကျန့် နှုတ်ခမ်းတစ်စုံကိုသာ သိမ်းပိုက် နယ်ချဲ့လာခဲ့သည်။

ရှောင်းကျန့်... သူ့အနေနဲ့ ဝမ်ရိပေါ် ဘာဖြစ်နေမှန်း သေသေချာချာ မသိသော်လည်း အသာ သာ ငြိမ်နေလိုက်သည်။

'ဒီကလေး တစ်ခုခု ဝင်စီးနေတာလား....'

အသက်ရှုရ မောဟိုက်လာသည့်တိုင်အောင် ဝမ်ရိပေါ် မှာ လွှတ်ပေးမည့် လမ်းမမြင်..။

The Same L💗VE (completed )Место, где живут истории. Откройте их для себя