စိတ်ချရပါပြီ ဆိုပြီး သီးသန့်ခန်းထဲ ပြောင်းရွှေ့ထားသည့် ဦးကျန့်က အခုထိ သတိမရသေး။ သားသားကလဲ သူ့ဒက်ဒီကိုကြည့်ကာ ငိုပဲငိုနေသည်။ သားသားကငိုလျှင် ရိပေါ်ကပါ လိုက်ငိုနေ၍ ရှောင်ပါးတို့၊ ဝမ်ကျဲလီတို့မှာ စိတ်မကောင်း။
*ဦးကျန့်က သုံးရက်တောင်ရှိနေပြီ သတိမရသေးဘူးလားဟင် ကျဲ*
*ရမှာပေါ့ အားဝမ်ရဲ့။ အခုက ရှောင်းကျန့်က အရမ်းပင်ပန်းလို့ ခနနားနေတယ်လို့ သိထားနော်*
မျက်နှာငယ်လေးနဲ့ ခေါင်းညိမ့်တဲ့ အားဝမ်က ရှောင်းကျန့်ဘေးသွားထိုင်ကာ လက်လေးကို ခပ်ဖွဖွဆုပ်ကိုင်လေသည်။ အခုရက်ပိုင်း ပိန်ကျသွားသည့် အားဝမ်က အစားလဲ ဟုတ်တိပတ်တိမစား။
အားအားရှိ ရှောင်းကျန့်အနားပဲလာနေကာ ငိုပဲငိုနေလေသည်။
*ကျဲ..ကျဲ ဦးကျန့်လက်လှုပ်လာတယ်..! ဆရာဝန်သွားခေါ်ပေးပါ*
ရိပေါ်ကိုင်ထားသည့် ဦးကျန့် လက်လေးတွေက လှုပ်လာ၍ ရိပေါ်မှာ အတင်းထအော်လေသည်။
*ဟမ် အေးအေး*
ဝမ်ကျဲလီမှာ အခန်းအပြင်ဘက် ပြေးထွက်မည်ပြင်ပြီးမှ အခန်းထဲမှာ ဆရာဝန်တွေဆီ လှမ်းဆက်သွယ်ထားသည့် ဖုန်းထားထားတယ်ဆိုတာ မေ့နေတာပင်။ ထိုဖုန်းနား အမြန်သွားကာ
*ဒေါက်တာ ရှောင်းကျန့် သတိရလာပြီ..! မြန်မြန်လာခဲ့ပေးပါ*
ဝမ်ကျဲလီမှာ အကုန်လုံးကိုလဲ ဖုန်းဆက်ခေါ်သေးသည်။ သိပ်မကြာခင် ရောက်လာကြသည့် ေရှာင်းကျန့်သူငယ်ချင်းတွေနဲ့ ရှောင်ပါးက ရှောင်းကျန့်နား ဝိုင်ဝိုင် လည်နေလေသည်။
*ဦးကျန့် သတိရလာပြီလားဟင်*
ဆရာဝန် အကုန်စမ်းသပ်ပြီးသည်နှင့် မျက်လုံးဖွင့်လာသည့် ဦးကျန့်က ရှောင်ပါးကို လှမ်းရယ်ပြသည်။ ပြီးမှ သူ့သူငယ်ချင်းတွေကိုရယ်ပြသည်။ ရိပေါ်ကိုတော့ တစ်ခါမှ မတွေ့ဖူးသူလို ခပ်စိမ်းစိမ်းကြည့်သည်။
*Mr.Xiao သူတို့ကို မှတ်မိလား*
ဆရာဝန်၏ အမေးကို ဦးကျန့်က ခေါင်းညိမ့်သည်။
YOU ARE READING
Restart
Fanfictionဖြူဖြူစင်စင်လေးဆို ကိုယ်က အသဲတယားယားနဲ့ ခြေမွပစ်ချင်နေရော #ရှောင်းကျန့် ဦးကျန့်က ကျနော့်အတွတ် နားမလည်ဆုံးနဲ့ အခက်ခဲဆုံး ပုစ္ဆာပဲ #ရိပေါ်