10.1

4.7K 830 18
                                    

SCROLL DOWN FOR ZAWGYI

UNICODE

CH-10 IT'S ME I AM LU FENG

လုဖုန်းတို့အပေါင်ဆိုင်အနေနှင့် သက်မဲ့ပစ္စည်းများကိုသာ အပေါင်လက်ခံသည်ဟု အတိအလင်းကြေညာထားခြင်းမရှိခဲ့ ။ သို့သည့်တိုင် မျိုးသန့်ကြောင်တစ်ကောင်အား လာရောက်ပေါင်နှံမည့်သူရှိလိမ့်မည်ဟု လုံးဝမတွေးခဲ့ဖူးပေ ။

ထိုအမျိုးသမီးငယ်မှာ သူမသည်ကား ထိုကြောင်၏ပိုင်ရှင်ဖြစ်ကြောင်းပြောကာ အသိအမှတ်ပြုလက်မှတ် တောင်ပုံရာပုံကို စစ်ဆေးဖို့ရန်ထုတ်ပြတော့သည် ။ ထို့ပြင် သူမ၏ကြောင်မှာ နိုင်ငံခြားမှရှာဖွေဝယ်လာရသော စျေးကြီးမျိုးသန့်ကြောင်မျိုးဖြစ်ကြောင်း ၊ မွေးစကတည်းက ပြည်ပမှတင်သွင်းသော အစာကိုသာကျွေးကြောင်း အထပ်​ထပ်ပြောကာ ထိုတစ်နှစ်ပြည့်လုပြည့်ခင်ကြောင်ထီးအတွက် ယွမ်တစ်သိန်းတောင်းတော့လေသည် ။

လုဖုန်းအနေနှင့် တန်ဖိုးကြီးဇိမ်ခံပစ္စည်းတို့ကို တန်ဖိုးဖြတ်တတ်ဖို့ရန် နှစ်လတာမျှလေ့လာခဲ့သည်ဖြစ်ရာ မည်ကဲ့သို့သော ကျောက်မျက်ရတနာသည် မည်မျှတန်သည်ကို လုဖုန်းကျွမ်းကျင်စွာပြောနိုင်ပေသည် ။ သို့သော်ငြား အိမ်မွေးတိရစ္ဆာန်တို့နှင့် ပတ်သက်လာလျှင် သူ,မကျွမ်းကျင် ။ ထို့ပြင် ကြောင်စာ၊ကြောင်အိမ်တို့မရှိရငြား ထိုကြောင်ကိုဂရုစိုက်ဖို့ရန်လည်း လုံးဝမဖြစ်နိုင်ပေ။

"စိတ်မကောင်းစွာနဲ့ပဲ ကျွန်တော်တို့အနေနဲ့ သက်ရှိသတ္တဝါတွေကို အပေါင်မခံပါဘူး ၊ ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော်တို့ဆိုင် ဘယ်ဘက်ခြမ်းက အိမ်မွေးတိရစ္ဆာန်အရောင်းဆိုင်ကို သွားမေးကြည့်တာ ပိုကောင်းမယ်ထင်တယ် "

လုဖုန်း သူမအား အိမ်မွေးတိရစ္ဆာန်ဆိုင်ဘက်ခြမ်းကို ညွှန်ပြရင်း ပြောလိုက်သည် ။

ထိုအမျိုးသမီးမှာ ချက်ချင်းပင် ပြန့်ကျဲနေသောအသိအမှတ်ပြုလက်မှတ်များကို ကောက်သိမ်းလိုက်ပြီး လုဖုန်းအား စိတ်ပျက်သလိုကြည့်လာခဲ့၏ ။ ထို့နောက် အတူပါလာသောကြောင်အိမ်ကို သယ်ကာ ဒေါသူပုန်ထလျက် ဆိုင်တွင်းမှထွက်သွားဖို့ပြင်၏ ။

Flying Gulls Never Land [ဘာသာပြန်]Where stories live. Discover now