°32°

18.2K 1.2K 15
                                    

*ဟိုကောင် ဆေးရုံကဆင်းကထဲက ငါတို့ကို ပစ်ထားတာနော်*

အိမ်လာပြီး သောင်းကျန်းနေကြသည့် ဦးကျန့်သူငယ်ချင်းတွေကြောင့် ရိပေါ်မှာ ယွီပင်းကို အဖော်ခေါ်ထားရသည်။ အိမ်အကူအဒေါ်ကြီးတွေကိုလဲ ပိတ်ရက်အနေဖြင့် နားခွင့်၃ရက်ပေးထားပြီး ကျဲကလဲ နယ်ဆင်းတာက ဒီတစ်ခါတော်တော်နောက်ကြာသည်။

*အိမ်မှာ ယောကျာ်းနားပဲ ကပ်နေတာလား ..!*

အစ်ကိုဝူယဲ့က ခပ်နောက်နောက်စတော့ ဦးကျန့်က ခေါင်းခါပြရင်းရယ်လိုက်သည်ကို အမြည်းလုပ်ရင်း ရိပေါ်က မြင်ဖြစ်အောင် မြင်လိုက်သေးသည်။

*ငါလဲ အလုပ်တွေရှုပ်နေလို့..! အမြည်းရပြီလား ချာတိတ်*

*ဟုတ်*

အရက်တွေ၊ ဘီယာဗူးတွေ ကဒ်လိုက်ချထားသည့် ဦးကျန့်တို့က ဒီကျမမှောက်လျှင် ထမည့်ပုံမပေါ်။ ရိပေါ်နဲ့ ယွီပင်းမှာ အမြည်းတွေကို သေချာပြင်ဆင်ပေးကာ ချပေးလိုက်သည်။

သားသားကိုတော့ ဒီည ရှောင်ပါးကခေါ်ထား၍ အိမ်မှာရှိမနေ။

*ရိပေါ်တို့လဲ ဝင်joinလေကွာ*

ရိပေါ် ဦးကျန့်ကိုကြည့်လိုက်တော့ ဘာမှမဖြစ်သည့်ဟန် ဘီယာဗူးတောင် ဖောက်နေလေသည်။ သူလဲ စိတ်ကဆိုးချင်လာ၍ ယွီပင်းနဲ့အတူ ဝင်ထိုင်လိုက်သည်။

*ကဲ cheers..!!*

ယွီပင်းနဲ့ရိပေါ်မှာ ဘီယာဗူးကြီးကိုင်ပြီး ချီးယားစ် လုပ်ပေမယ့် တစ်ငုံသာ သောက်ပြီး ဆက်မသောက်ကြ။ ဦးကျန့်တို့ကတော့ အမြည်းက နည်းနည်း၊ အရက်က များများဆိုသလိုပင်။

*တော်တော်သောက်နိုင်ကြတာနော်*

ယွီပင်းက သူ့နားကပ်ပြီး လာပြော၍ ရိပေါ် ခေါင်းညိမ့်ပြလိုက်သည်။ ဦးကျန့်တို့က တကယ် သောက်နိုင်သည့် အဖွဲ့ပင်။

ယွီပင်းနှင့် ရိပေါ်မှာ ဦးကျန့်တို့ပြောနေသည်များကိုလဲ နားမလည်။ အမြည်းလေး နှိုက်စားလိုက်၊ သူတို့ပြောတာလေးတွေ နားထောင်လိုက်နှင့်ပင်။ ရိပေါ် ရေဆာလာ၍ သူ့ရှေ့က ဘီယာဗူးကြီးကို ထပ်မော့သည်။
အူရိုင်းဖြစ်သည့် ရိပေါ်က အရက်လေး နည်းနည်းဝင်တာနဲ့ ဇာတိစပြလေပြီ။

RestartWhere stories live. Discover now