ကူးပြောင်းခြင်း

7.7K 482 1
                                    


Unicode

    ပိုင်ဝေ့ရှင်း ခေါင်းကိုက်ခြင်းများစွာနဲ့ နိုးထလာရသည်။
F**kပဲ  အသေနာလိုက်တာ ဒီလောက်နာစရာလိုလားဟမ် ဘယ်ရောက်သွားလဲ ဟိုဖြူဖြူလုံးလုံးနဲ့အကောင်ပေါက်စလေး ငါလေးကို နာအောင်လုပ်တယ် တွေ့မယ်

ပိုင်ဝေ့ရှင်း..... ဖြူလုံးလေးရေ

System.... hostရေ ဖြူလုံးလေးမဟုတ်ဘူး.. system 1005တဲ့ နာမည်ရှိတယ်ဗျ

ပိုင်ဝေ့ရှင်း... နင်ကဖြူဖြူလုံးလုံးလေးလေ. ငါပေးတဲ့နာမည်လေးကချစ်စရာလေးပါ နင်ကလဲ

System... 😤😤 ထားပါတော့ ဒီကမ္ဘာက မှတ်ဉာဏ်တွေကူးပြောင်းပေးမယ်.ခုနကထက်ပိုနာမယ်နော်.

ပိုင်ဝေ့ရှင်း... (ခုနကနာတာတောင်မပျောက်သေးဘူးလေဟယ် သက်သက်သာသာလုပ်ပါဟ🤧)

~~~မှတ်ဉာဏ်ကူးပြောင်းပြီ. 10%......40%.......60%.......90%....100%% ပြီးပြီ~~~

ပိုင်ဝေ့ရှင်း ခေါင်းကိုက်ရင်းပင် ရရှိလာသောမှတ်ဉာဏ်များအား ကြည့်လိုက်သည်။
မူလကမ္ဘာမှ ပိုင်ဝေ့ရှင်းသည် ရှီမျိုးနွယ်များ အုပ်စိုးရာ ရှီတိုင်းပြည်၏ဒုတိယမင်းသားမင်းသားရှီဖုန်း(ဇာတ်လိုက်)နဲ့လက်ထပ်ထားသောမိန်းကလေးတယောက်ဖြစ်တယ်။
ပိုင်ဝေ့ရှင်းဟာ တိုင်းပြည်ရဲ့ပထမအဆင့်စစ်သူကြီးပိုင်ရှန်းရဲ့ တဦးတည်းသောသမီးလေးဖြစ်သည်။ မင်းသားရှီဖုန်းအား  ချစ်ခင်နှစ်သက်ကာ လက်ထပ်ပွဲကျင်းပချိန်တွင် အပျော်ဆုံးသတို့သမီးလေးဖြစ်ခဲ့သည်။
သို့သော် သူမချစ်ရသည့် ရှီဖုန်းတွင် ချစ်မြတ်နိုးရသူ ရှီပြီးသားဖြစ်သည်။ ထိုမိန်းကလေးမှာလဲ လုံမျိုးနွယ်ပညာရှိအမတ်ကြီးတဦး၏သမီးဖြစ်သော လုံဟွာ(ဇာတ်လိုက်မ)ဟူ၍ဖြစ်တယ်။
မူလပိုင်ဝေ့ရှင်းဟာ ထိုအကြောင်းများ ကြားသိချိန်တွင်
မခံစားနိုင်ဖြစ်ကာ  လုံဟွာအား နည်းအမျိုးမျိုးဖြင့် ဒုက္ခပေးပါတော့သည်။ လုံဟွာက အပြစ်ကင်းသူတော့မဟုတ်ချေ။  မူလကိုယ် မနာလိုအောင် အမျိုးမျိုးလုပ်ကာ နောက်ဆုံးတွင် မူလကိုယ်အား သေစေသည့်အဓိကတရားခံဖြစ်သည်။  ဇာတ်လိုက်က  သူ့ချစ်သူအား လုပ်ကြံခိုင်းသူမှာ မူလပိုင်ဝေ့ရှင်းမှန်းသိသောအခါ ထောင်သွင်းအကျဥ်းချ၍နှိပ်စက်ရိုက်နှက်သောကြောင့်
နာကျင်မှုအားမခံစားနိုင်ပဲ သေဆုံးသွားခြင်းဖြစ်သည်။
သူမ၏ဆန္ဒမှာ  ဇာတ်လိုက်မရဲ့ကြာပန်းဖြူမျက်နှာအားခွာချကာ ပြန်လ​ည်ကလ​ဲ့စားချေပေးရန်နှင့်   သူမ့အပေါ် စိမ်းကားခဲ့သော ဇာတ်လိုက်အား နောင်တရစေရန်ဖြစ်သည်။

ချစ်သောဗီလိန်လေး 1  (Complete) Where stories live. Discover now