10.2

4.6K 841 54
                                    

SCROLL DOWN FOR ZAWGYI

UNICODE

10.1 အရင်ဖတ်ရန် <<<

"မင်းပဲ..."
ရှန့်မင်အော်၏အသံမှာ အနည်းငယ်မျှပင် တုန်ခါနေခဲ့၏ ။

လုဖုန်းရောက်ရှိလာမှုသည် ရှန့်မင်အော်အားထိတ်လန့်သွားစေသည်ဟု သူထင်ခဲ့မိသည်။ ထို့ကြောင့်ပင် လုဖုန်းအလျင်စလို ကတိုက်ကရိုက်တောင်းပန်ရတော့၏ ။

"အကို တောင်းပန်ပါတယ် ၊ ကျွန်တော်အကို့ကိုခြောက်လှန့်ဖို့မရည်ရွယ်ပါဘူး ၊ အဲ့ဒါက..."

ဘာတွေဖြစ်မလဲဆိုသည်ကို လုဖုန်းမသိခဲ့ ။ ထို့ကြောင့် လုဖုန်းမှာ ခေါင်းထဲပေါ်လာသည့် အလိမ်စကားတစ်ခွန်းကိုသာ ဆွဲပြောလိုက်ရတော့သည်။

"ကျွန်တော် အဲ့ကြောင်လေးကိုမြင်တော့ အတော်ချစ်ဖို့ကောင်းတယ်ထင်မိလို့ ၊ အဲ့တာအကို့ကို ဆက်ပွေ့ထားပြီး ထွက်မပြေးအောင်ထိန်းထားဖို့ပြောမလို့ပဲ...ကျွန်...ကျွန်တော် အဲ့ကြောင်လေးကို ပွတ်သပ်ပေးချင်လို့ပါ"

ခုနသ ူလေးကမှ ရှော့ခ်ရလိုက်​သည်ကြောင့်ထင့် ၊ ရှန့်မင်အော်မှာ အနီးတစ်ဝိုက်ကိုတစ်ချက်ဝှေ့ကြည့်လိုက်ပြီး ပြောလာခဲ့၏။

"ထွက်ပြေးသွားပြီ..ထင်တယ်"

သူ့အသံမှာ ပုံမှန်ပြောနေကျပုံစံအတိုင်း အေးစက်၍ရန်လိုနေခြင်းမျိုးပင် မရှိခဲ့ ။
လုဖုန်း ရှန့်မင်အော်အနားကိုချဥ်းကပ်ရင်း ပြုံးပြကာပြောလာခဲ့သည် ။

"ရတယ် ထွက်ပြေးသွားရင်လည်း ပြေးပါစေတော့ ၊ ကျွန်တော်နောက်တစ်ခါ အဲ့ကြောင်လေးကိုတွေ့ရဖို့ အခွင့်အရေးရှိဦးမှာပါ "

တကယ်ကို လုဖုန်း၌ ထိုကြောင်လေးကို နောက်တစ်ကြိမ်ပြန်တွေ့ခွင့်ရှိခဲ့ပါ၏ ။ တခြားနေရာတွင်မဟုတ် ။ ရှန့်မင်အော်၏ အိပ်ရာထက်တွင် ။ ကြောင်လေး၏ခန္ဓာကိုယ်သည် နှင်းကဲ့သို့ဖြူစင်သော လက်ဆောင်ဘူးလေးအတွင်းရှိနေခဲ့၏ ။ ထို့ပြင် အလှဆင်သောအနေနှင့် ပန်းရောင်ဇာပါးလေးပါ ဖုံးအုပ်ထားခဲ့၏ ။

သို့သော် ​ထိုကြောင်လေး၏ဗိုက်မှာဟောင်းလောင်းပွင့်လျက် ။ အူသိမ်တို့မှာလည်း အပြင်သို့လျှံထွက်နေသေး၏။ သေဆုံးချိန်တွင်တောင်မှ ထိုကြောင်လေး၏ မျက်လုံးများမှာ ဝိုင်းဝိုင်းစက်စက် ကျယ်ကျယ်ဝင့်ဝင့်ဖွင့်ထားဆဲပင် ။

Flying Gulls Never Land [ဘာသာပြန်]Where stories live. Discover now