Part-28

4.6K 716 85
                                    

Unicode...

ဆိုင်မှာ လူကျချိန်ဖြစ်လို့ အကုန်လုံးအလုပ်ရှုပ်​နေကြတယ်​ပေါ့။ ​ည​နေစောင်း​တော့မှ လူရှင်းသွား​တော့တယ်။ အဲကျမှ ကျွန်​တော်တို့လည်း ထမင်းစားရ​တော့တာ။

"ခခ စား​လေ"

"ပင်ပန်းလွန်းလို့ မစားနိုင်​တော့ပါဘူးဟယ်"

ဟုတ်​တော့လည်းဟုတ်ပါတယ်။ တစ်မနက်လုံး မီးဖို​ဘေးချက်ပြုတ်ရတာဆို​တော့လည်း ပင်ပန်း​နေမှာ​ပေါ့။

"​သော်ကြီး မြန်မာနှစ်ပုလင်း​လောက်သွားဝယ်​ချေ သွား"

ကျွန်​တော့်စကား​ကြောင့် ငါး​ကောင်လုံး ဘလင်းဘလင်း​တွေကိုဖြစ်လို့။ ​​သော်ကြီးကလည်း ဒါမျိုးကျနှစ်ခါခိုင်းစရာမလိုဘူး။ ချက်ချင်းတန်းထွက်သွားတယ်။

ဘီယာဆိုင်မှာ~~~

"မြန်မာနှစ်ပုလင်းနဲ့ ဘူးတစ်ဘူး​ပေး"

ဟဲဟဲ။ ဒါမျိုးက အခွင့်​ကောင်း​လေ။ အသုံးမချတတ်ရင် ​သော်ကြီးဘယ်ဟုတ်​တော့မလဲ။ အရင်ဆုံး ဘူးတစ်ဘူးကုန်​အောင်​သောက်ပြီးမှ ပုလင်း​တွေဆွဲပြီး ပြန်ခဲ့လိုက်တယ်။

ဆိုင်​ရောက်​တော့ ဟို​​လေး​ကောင်မရှိဘူး။ ​တေ​ဇောကလည်း မျက်စိမျက်နှာပျက်လို့။ ​ဘေးမှာက ရဲနှစ်​ယောက်လည်းရှိ​နေတယ်။

"ဘာဖြစ်ကြတာလဲ"

ကျွန်​တော့်စကား​တောင်မဆုံးလိုက်ဘူး။ ရဲနှစ်​ကောင်က ကျွန်​တော့်လက်ကို​နောက်ပြန်ချုပ်လိုက်တယ်။

"သူတို့နဲ့ ခဏလိုက်သွားလိုက် ​သော်ကြီး...ပြီးရင် ငါလိုက်ခဲ့မယ်...ဟိုမှာ ဦးတာလည်းရှိတယ်"

ကျွန်​တော်လည်း အူ​ကြောင်​ကြောင်နဲ့ ပါသွား​တော့တယ်။ အကျိုးအ​ကြောင်းလည်း မသိရပါဘဲ။

ရဲစခန်းမှာ~~~

ဪ...ဟို​ကောင်​တွေက ကြို​ရောက်​နေတာကိုး။ သုခနဲ့ ဦးတာက သံတိုင်​တွေကြား​က​နေ ချစ်ကြိုးသွယ်​နေကြတယ်။ ကျွန်​တော်လည်း ​ရှေ့ဆင့်​နောက်ဆင့်ဆိုသလို အချုပ်ခန်းထဲ​ရောက်သွားတယ်​ပေါ့။

"ဦးတာ...ဘယ်လိုဖြစ်တာလဲ"

"ဟိုတစ်ခါ မင်းတို့ဇယား​​လေ...export companyကိစ္စ...မင်းတို့ကို သံသယရှိပါတယ်ဆိုပြီး သက်​သေ​တွေနဲ့ အမှုလာဖွင့်တယ်...စခန်းကလုပ်မ​ပေးဘူးဆို တရားရုံးတက်မယ်ဆိုလို့ ငါလက်ခံလိုက်တာ...ခု​လော​လောဆည်​တော့ သူတို့​​ကျေနပ်​အောင် ဒီထဲမှာပဲ ​နေလိုက်ဦး...ငါညှိကြည့်​ပေးမယ်"

ချစ်ခြင်းသက်​သေ ဉာဏ်ကလိမ် | ချစ်ခြင်းသက်သေ ဉာဏ်ကလိမ်Where stories live. Discover now