Episode 6

1.1K 102 0
                                    

သူနိုးလာတော့ဘေးမှာ Kyungsooရှိမနေဘူး..နာရီကြည့်လိုက်တော့ 6:30

"အစောကြီးဘာထလုပ်ပါလိမ့်"

သူခုတင်ပေါ်ကဆင်းပြီး ရေချိုးခန်းထဲကြည့်တော့လည်းမရှိ..အခန်းထဲကထွက်ပြီး မီးဖိုချောင်ဘက်လှမ်းကြည့်လိုက်တော့ Apronလေးဝတ်ပြီး အလုပ်တွေရှုပ်နေတဲ့Kyungsooကို တွေ့လိုက်ရတယ်.. ထုံးစံအတိုင်း သူ့၂ဆလောက်ရှိတဲ့ လက်ရှည်အင်္ကျီကြီးဝတ်ထားပြီး အောက်ပိုင်းကboxerပဲဝတ်ထားတဲ့ပုံ..အဲ့ဒါကို အပေါ်ကApron ထပ်ပတ်ထားတော့ ဘာပုံလေးနဲ့တူနေမှန်းကိုမသိ

"ချစ်ဖို့ကောင်းလိုက်တာ" သူတိုးတိုးတိတ်တိတ်လေးရေရွတ်ရင်း Kyungsooအနားကို ခြေသံဖွဖွလေးနဲ့ သွားလိုက်တယ်

"Goodmorning Baby" Joonmyun အနောက်က သိုင်းဖက်လိုက်ရင်း ခန္ဓာကိုယ်၂ခုကို ပူးကပ်လိုက်တယ်.. ပြီးတော့ သူ့ဆံပင်လေးတွေကို သပ်ရင်း အနမ်းဖွဖွလေးပေးလိုက်တယ်

"အာာ Hyung..လန့်လိုက်တာဗျာ.. မျက်နှာလည်း မသစ်ကသေးဘူး ညစ်ပတ်တယ်" Kyungsoo ရုတ်တရက်မို့လန့်သွားတယ်.. Joonmyunကို တွန်းထုတ်ရင်း သူလုပ်နေတဲ့အလုပ်ကိုဆက်လုပ်ဖို့ကြိုးစားတယ်..

"Hyungတဲ့ ကိုကိုလို့ခေါ်ပါဆို.. Morning Kiss?" Joonmyunက အလွတ်မပေးဘဲKyungsooကို သူ့ရင်ခွင်ထဲသွင်းပြီး နောက်လိုက်တယ်

"ဘာတွေလာပြောနေမှန်းမသိဘူး.." Kyungsoo အတင်းရုန်းလိုက်တယ်..မျက်နှာတခုလုံးလည်းနီရဲနေပြီ

ရှက်နေတဲ့Kyungsooကို ကြည့်ပြီး Joonmyunမစလဲမနေနိုင်.. "ဟင်းချက်နေတဲ့ပုံကြည့်ရတာ မသိရင် ကိုယ့်မိန်းမလေးကျနေတာပဲ" Kyungsooဆံပင်တွေကို ဖွရင်း စလိုက်တယ်

"အရမ်းစကားများတယ်..မျက်နှာသွားသစ်.. ဒီနေ့ ရုံးလိုက်မပို့နဲ့..စောစောပြန်လာမှာ.. အိမ်ရှင်းထားပေး Hyung အခန်းကိုလည်းရှင်း.. ပြီးတော့ မနက်ဖြန်စနေနေ့ကို Minho Hyungတို့ဆီသွားရအောင်.. သူDinnerဖိတ်ထားတာကြာပြီ.. ကျွန်တော်မသွားဖြစ်တာ"

"Minho? အော်..အင်း အင်း.."

မနက်စာထမင်းဝိုင်းလေးက ခါတိုင်းနဲ့မတူ ဆူညံနေသည်..Joonmyun၁ယောက် Kyungsooကို ကြည့်ပြီး မစဘဲမနေနိုင်.. သူချစ်သူဖြစ်နေပြီဆိုတာလည်း အခုထိမယုံနိုင်သေး.. Kyungsooကလည်း Joonmyunစသမျှ တခွန်းမကျန်ပြန်ပြောရင်း ပျော်နေသည်..

Rain Drop On EarthWhere stories live. Discover now