Extra-3

9.7K 653 28
                                    


[[Zawgyi]]

“ကျင်း..အဆင်ပြေတာသေချာလို့လား?"

"ငါ့ကိုယုံစမ်းပါ..မင်းကိုလိမ်ညာဘူးလို့လား?"

လုချန်အသံတိတ်သွားသည်။အလိမ်အညာတွေသည်ရေတွက်လို့ပင်မနိုင်တာကိုသူတို့နှစ်ဉီးစလုံးကောင်းစွာသိ၏။ဤချောမောသောမကောင်းဆိုးဝါးသည်မေးလာရဲသေး၏။

"ဟုတ်တာပေါ့..မင်းငါ့ကိုဘယ်တော့မှဘယ်အခါမှမလိမ်ညာဖူးဘူး",

လုချန်၏အထေ့အငေါ့စကားကြောင့်ကျင်းလည်းမတတ်သာပဲရယ်မောမိသည်။သူတို့နှစ်ဉီးသည်လှေမှခေါ်ဆောင်သွားသောရေကန်၏မြောက်ဘက်ခြမ်းကမ်းပါးရံသို့ဆင်းလိုက်ကြသည်။

တောင်၏နှင်းဖုံးနေသောလမ်းကျဉ်းလေးတွင်တစ်ယောက်လက်တစ်ယောက်ဆွဲရင်းလျှောက်လှမ်းလာကြသည်။ဝါးပင်များမှသစ်ရွက်ခတ်သံများသည်နှေးကွေးပြီးတစ်လှမ်းချင်းလှမ်းနေသောခြေလှမ်းများတွေနောက်လိုက်ပါလျက်။တောင်ငယ်သည်ဝါးတောများဖြင့်ဖုံးကာထား၏။လတ်ဆတ်သောလေနှင့်သဘာဝ၏တေးသံစဉ်တို့သည်တစ်ဉီးတစ်ယောက်၏စိတ်ကိုအမှန်ပင်တည်ငြိမ်စေ၏။

တောင်ထိပ်ကိုရောက်သည်နှင့်လုချန်ဘဝတစ်သက်တာ၌အလှပဆုံးသောမြင်ကွင်းကိုမြင်ရလိမ့်မည်ဟုကျင်းပြောလာခဲ့သည်။လုချန်ကတော့သံသယဝင်မိသည်။ကျင်းကိုယ်တိုင်ထက်ပိုပြီးလှပသောအံ့သြသင့်ဖွယ်ကောင်းသောအရာကရှိသေးလို့လား?

ဟန်ကျိုးသည်မွေးရပ်မြေဖြစ်သော်ငြားလည်းရှုမျှော်ခင်းများကိုလိုက်ကြည့်စားရန်လုချန်အခွင့်မသာခဲ့။အဘယ်ကြောင့်ဆိုသော်ဓားမြခေါင်းဆောင်ဆိုသောတာဝန်များနှင့်သာပိနေခဲ့ခြင်းကြောင့်ဖြစ်သည်။တောင်ပေါ်မှာကြီးပြင်းလာခဲ့သူဖြစ်တာကြောင့်မြင်နေကျဖြစ်သောမြင်ကွင်းများ၏အလှအပတွေကိုလုချန်ခံစားကြည့်၍မရ။သူ့အတွက်တောင်တွေဆိုသည်မှာခံတပ်အဖြစ်သုံးသောအရာသတ်သတ်သာ။ထို့ကြောင့်တောင်ငယ်အကြောင်းကျင်းပြောလာတော့လုချန်မေးခွန်းတွေထုတ်နေခဲ့ခြင်းဖြစ်သည်။

တောင်ငယ်သည်ကျင်းပြောခဲ့သလိုပဲရုပ်လုံးပေါ်လှ၏။အသက်ရှုမှားနိုင်သောရှူမျှော်ခင်းများကိုပဟေဠိဆန်ပြီးခမ်းနားသောအရောင်အဝါများကထပ်ပေါင်းပေးထားသည်။မရေမတွက်နိုင်သောအနီရောင်ကျောက်ခဲများသည်တောင်ငယ်အနှံ့နေရာယူထားသည်မှာတောင်ငယ်ကိုတမူထူးခြားစေ၏။

Hua Hua You Long Fanfiction 2(ဘာသာပြန်)Where stories live. Discover now