🦋6🦋

779 114 1
                                    

Unicode
တိမ်ယံလွှမ်းတဲ့တောင်

                     🦋6🦋

        သူသည် လော့လော်ကိုပွေ့ချီ၍ မတ်တပ်ထရပ်လိုက်စဉ်၊ အားလုံးက အသုံးမကျတဲ့ အမှိုက်ကောင်ကို အံ့သြတစ်ဝက် သရောပြုံးတစ်ဝက် ကြည့်နေကြစဉ် ဟိုင်ဟူတစ်ယောက်မှာတော့ လော့လော်ကို စူးစူးဝါဝါး စိုက်ကြည့်ကာ ဒေါသကြောင့် မျက်နှာတို့ပင် နီရဲလာသည်။

"ဟွမ်ကျင်းရွှေ....."

       ဆရာကြီးရန်သည် သူတို့အား ကျောခိုင်းထွက်သွားသော ဟွမ်ကျင်းရွှေအား နာမည်ခေါ်၍ ရပ်တန့်စေလိုက်သည်။

"ဘာပြောစရာရှိလဲ...."
"ဟွမ်ကျင်းရွှေ... မင်းကကျောင်းက ထုတ်ပယ်ထားခံရတဲ့သူ မင်းမှာတပည့်ရွေးခွင့် မရှိဘူးဆိုတာ သိတယ်မလား"

'ဝြီ.....'

       ဆရာမဖုန်းကလည်း သူတို့အနားကို ပျံသန်းလာသည့်အခါ သူမ၏စွမ်းအင် အငွေ့အသက်တွေကြောင့် လေပြေတစ်ချက်က ပတ်ဝန်းကျင်ကို ရိုက်ခတ်သွားသည်။ ဟွမ်ကျင်းရွှေ၏ဆံနွယ်များလည်း လွင့်လူးသွား၏။

"ကျင်းရွှေ..... တကယ်လို့ နင့်အတွက် အခက်အခဲဖြစ်နေတယ်ဆိုရင် လော့လော်ကို နုပျိုခြင်းတောင်ထွတ်ကို ခေါ်သွားလို့ရပါတယ်"
"ဟုတ်တယ်.... သူ့အနာဂတ်က မင်းအနားမှာနေရင်...."

"မသွားဘူး...... အဟွတ်....အဟွတ်..."

       ဟွမ်ကျင်းရွှေ ပွေ့ချီထားသော လော့လော်မှ ထအော်လေသည်။ ထိုအခါ ဟွမ်ကျင်းရွှေက နှုတ်ခမ်းတစ်ဖက်ကို ကွေးညွှတ်လိုက်ပြီး

"ကြားကြတယ်နော်.... သူကိုယ်တိုင် ကျွန်တော့်ဆီလာတာ.... ဆရာကြီးရန် ကျောင်းသားက သူ့ဘာသာသူဆရာလာတင်တာတော့ ကျွန်တော်အပြစ် မဟုတ်တော့ဘူးမလား"

"ဟူး......"

       ဆရာကြီးရန်က သက်ပျင်းချ၍ ခေါင်းသာညိတ်ပြလိုက်ရတော့သည်။ ဟုန်ကျင်းကျောင်း၏ ဆရာသမားတွေနဲ့ စကားရပ်ပြောမနေချင်တာကြောင့် သူသည် လူအုပ်ကြားထဲမှ ထွက်ခွာလာခဲ့သည်။

"သူက ဟွမ်ကျင်းရွှေလား.... ချောလိုက်တာ"

"ငါကြားတာ သူ့ပထမတပည့်က သူ့အလှကြောင့် ကျင့်စဉ်တောင် ဖောက်သွားမလို့ ဖြစ်တယ်ဆိုပဲ...."

တိမ်ယံလွှမ်းတဲ့တောင် / တိမ်ယံလွှမ်းတဲ့တောင် (Complete)Where stories live. Discover now