🤍 အပိုင်း 12 🤍

15.6K 479 0
                                    

Unicode:

Unrequited Love Means~

🤍 အပိုင်း 12 🤍

"မေပယ်လ်ခင် မင်းက ဒီကို ဘယ်လိုဖြစ်ပြီး ရောက်လာရတာလဲ "

"မေပယ်လ် ရှင်းပြပါ့မယ် ကိုရယ် ..... "

"ဘာကိုရှင်းပြမှာလဲ ..... မင်းမျက်နှာကို လုံး၀မမြင်ချင်တာမို့ ငါ့ရှေ့မှာ ထပ်ပြီး
လုံး၀ပေါ်မလာနဲ့ ....."

"ကို ဖြစ်ခဲ့သမျှတွေကို မေပယ်လ်ရှင်းပြချင်လို့ပါနော်..... မေပယ်လ် ရှင်းပြတာ
လေးကို နားထောင်ပေးပါနော် ကိုရယ် "

"မလိုဘူး မင်းကြောင့် ငါ့ဘ၀ ပျက်လုနီးနီး ဖြစ်ခဲ့ရတာ ဘာဖြေရှင်းချက်မှ ငါ့အတွက်မလိုဘူး ..... နောက်ထပ်တစ်ခါ ထပ်ပြီး ငါ့ပတ်၀န်းကျင်မှာ ပေါ်လာရဲ ပေါ်လာကြည့် ..... မင်းနဲ့ငါအတွေ့ပဲ "

"ကိုရယ်....မေပယ်လ် ဒီကိုရောက်ဖို့
အချိန်တွေအများကြီးပြင်ဆင်ပြီး အားယူ
ခဲ့ရတာပါ..... မေပယ်လ်လေ ကိုနဲ့ ပြန်တွေ့ခွင့်ရဖို့ မေပယ်လ် အများကြီး ကြိုးစားခဲ့ရတာပါ ကိုရယ် .... မေပယ်လ် ကို ဒီလိုမျိုး မနှင်ပါနဲ့နော်.... မေပယ်လ်
မခံစားနိုင်လို့ပါနော် "

"မခံစားနိုင်ရင် သွားသေလိုက်လေ.... ဒီမှာ မေပယ်လ်ခင် မင်းသိထားဖို့က
မင်းနဲ့ပတ်သက်ပြီး ငါ့မှာကျန်ပေးစရာဆိုလို့ အမုန်းတွေပဲရှိတယ် ရှင်းလား .....
ကျေးဇူးပြုပြီး ငါ့ဘ၀ထဲ နောက်တစ်ကြိမ်ပြန်မ၀င်လာစမ်းပါနဲ့ ဝေးဝေးကို
သွားစမ်းပါ "

"ကို..... "

"မင်းကို ငါရှေ့ကထွက်သွားလို့ပြောနေတယ်လေ "

မိုးဝေဆောင့်တွန်းလိုက်သောကြောင့်
မေပယ်လ်မှာ လမ်းမပေါ်မှာပဲ ထိုင်လျက်
လဲကျသွားရသည်.....

ရုတ်ရုတ်သဲသဲဖြစ်ကျ၍ အနားမှာ လူတွေ
၀ိုင်းလာကြပြီး ဆိုင်အတွင်းမှ ဒေါ်လှမြင့်တို့ပင် ပြေးထွက်လာရသည်.....

"သား ဘာဖြစ်တာလဲ .... "

ဒေါ်လှမြင့် မလှမ်းမကမ်းမှာ သူမ သားအကြီး ပြဿနာတက်နေတယ်ဆို၍ ပြေးထွက်လာရာ သားအနားရောက်တော့ သားရှေ့မှာ ဒူးထောက်လျက်ရှိနေသော မိန်းကလေးကိုမြင်လိုက်ရတာကြောင့် သူမသွေးတွေပင် ဆောင့်တိုး တက်သွားသလားထင်ရသည်.....

🤍 Unrequited Love Means 🤍Where stories live. Discover now