တွေ့ဆုံခြင်း အစ

3.4K 283 20
                                    

#Uni

အလကားကျွေးလို့ လူရှင်းတဲ့ဒေါင့်ကဝိုင်းမှာ ထိုင်ပြီး အပြီစားနေတုန်း

"ဟဲ့...ငတ်ပြတ်နေသလို စားမနေနဲ့ ''

"ချစ်ကလဲ...ဖြည်းဖြည်းစားနေတာပဲလေ...''

"ဒါပေမဲ့ ငါတို့ဝိုင်းမှာ ပန်ကန်တွေချည်းပဲ... နင်စားထားတာ နည်းတာမဟုတ်ဘူး..''

"စားကောင်းလို့...''

ကိုယ်ကသာစားနေတာ ချစ်ကတော့ အကိုမိုးယံလာခေါ်လို့လိုက်သွားတယ်...ကပွဲစနေပြီ​လေ တီးလုံးအေးအေး​လေးတွေနဲ့ ကနေ​ကြတဲ့သူတွေကြည့်ရတာ အိပ်တောင်အိပ်ချင်လာတယ်

မကြည့်တော့ဘဲ ရှေ့ကအစားတွေကိုသာ ဆက်စားနေတုန်း...ကိုယ်ထိုင်တဲ့ဝိုင်းကို ကောင်လေးတစ်ယောက်က ဝင်ထိုင်လိုက်​ပြီး​တော့ ငါလေးယူထားတဲ့အချိုပွဲထဲက ကိတ်မုန့်တစ်ခုကို ဘာမှမပြောဘဲ ယူစားနေတယ်

ဘာလားဆိုပြီး ပေစေါင်းစောင်းကြည့်လိုက်တာ​တောင် အဲ့ကောင်လေးက မသိသလိုပုံစံနဲ့ မုန့်ကိုဆက်စားနေတုန်း

"ရားး..ငါ့မုန့်ဘာလို့လာယူစားတာလဲ..ဟိုမှာ သွားယူ...''

ကိုယ်ကပြောတာတောင် ဟိုကစားမြဲစားဆဲ
မြန်မာမဟုတ်ဘူးထင်တယ်... အဲတော့ သင်ထားတဲ့ပညာတွေ ထုတ်သုံးရမှာပေါ့လေ... ကောင်​လေးပခုံးကိုလှမ်းပုတ်လိုက်ပြီး

"Hey you...''

ကောင်လေးကဘာလဲဆိုပြီး လှည့်ကြည့်တော့... မုန့်တွေကိုလက်ညိုးထိုးပြပြီး

"Arrr...this is mine..''

ပြောသာပြောရပေမဲ့ တကယ်ပြောမယ်ဆို​တော့ ဘာမှက်ိုမပေါ်လာတာ... အဲတာကြောင့်ဆရာကအမြဲစကားပြောသလိုပြောလို့ ပြောပေမဲ့ အပျင်းကြီးပြီးမပြောခဲ့တာ ခုပြဿနာတက်ပြီး

အဲ့တော့လဲ နားလည်သလိုပြောတာ​ပေါ့​လေ... မုန့်တွေကိုလက်ညိုးထိုးပြပြီး 'mine' လို့ပြောရင်း ကိုယ့်ကိုယ်ကိုထိုးပြလိုက်ပြီးတော့..

"Don't eat''

ဆိုပြီး ခေါင်းလေးခါပြတာကို ကိုယ်တော်ချောက ရယ်ပါလေရော...ခနလေး ငါပြောတာ ဘာရယ်စရာပါလို့လဲ

fujoမရဲ့ရည်းစား...သူကUke မဟုတ်ပါဘူး💖(Completed) Where stories live. Discover now