phomeansnoodle
- Reads 69,653
- Votes 6,743
- Parts 43
ရုံးဝန်ထမ်းဖြစ်သူ လင်ယိတစ်ယောက် အလုပ်အလွန်အကျွံလုပ်ခြင်းကြောင့် ရုတ်တရက်သေဆုံးသွားခဲ့၏။ သူ မျက်လုံးများ ပြန်ဖွင့်လာချိန်မှာ လူချမ်းသာသူဌေးကြီးတစ်ဦးနှင့် စီးပွားရေးအရလက်ထပ်ထားသော အမြောက်စာဇာတ်ကောင်လေး ဖြစ်နေခဲ့လေသည်။
ဤအိမ်ထောင်ရေး၌ လင်ယိက လုံးဝအရေးမပါချေ။ အေးစက်လွန်းသော သူ၏ခင်ပွန်းဖြစ်သူ CEO မှာ အိမ်သို့တစ်ခါမှပြန်မလာဖူးဘဲ လစဥ်လတိုင်း သူ့ကတ်ထဲသို့ ယွမ်ငါးသန်း အသုံးစရိတ်ကိုသာ လွှဲပေးတတ်သည်။
လင်ယိ : ဒီလိုကောင်းတဲ့အရာမျိုး တကယ်ရှိတာလား။ ကဲ၊ အခုက အေးအေးဆေးဆေးအနားယူပြီး လှဲနေရမဲ့အချိန်ပဲ!
ထိုအရာအပြင် လင်ယိမှာ မွေးစားသားတစ်ယောက်ရှိနေသည်။
[T/N: တကယ်တော့ လင်ပါသားပါ။ အဲ့နာမည်ကြီးက ခေါ်လို့မကောင်းလို့ မွေးစားသားလို့ ရေးထားပါတယ်။]
သူ၏မွေးစားသားဖြစ်သူ ဟော့မျန်မ