ငယ်ငယ်တည်းကအိမ်ချင်းကပ်ရပ် ကြီးပျင်းလာပြီး သွားအတူလာအတူဆော့အတူ သူငယ်ချင်းကောင်လေးနှစ်ယောက်က အရွယ်ရောက်လာတဲ့အခါ အဖြူရောင်သံယောဇဉ်တွေက အရောင်ပြောင်းလာခဲ့တယ်။ မိုးကိုသိပ်ချစ်တတ်တဲ့ကောင်လေးနဲ့ မိုးရွာတာကိုသိပ်မုန်းတဲ့ကောင်လေးနှစ်ယောက်ရဲ့အချစ်တွေက သိပ်ကိုနက်ရှိုင်းလွန်းလှပါတယ်။ သူတို့နှစ်ဦးရဲ့အကြောင်းလေးသာ ပုံပြင်လေးတစ်ပုဒ်ဖြစ်ခဲ့မယ်ဆိုရင် ဘယ်လိုပုံပြင်လေးများဖြစ်နေမလဲ။ နားထောင်လို့ကောင်းတဲ့ပုံပြင်လေးလား။ ဝမ်းနည်းဖို့ကောင်းတဲ့ပုံပြင်လေးလား။ ဒါမှမဟုတ် သိပ်ချစ်တတ်တဲ့အချစ်ရူးပုံပြင်လေးလား။ #Rain #SaneYaNant (2018ကျောင်းသားဘဝကိုအခြေခံ၍ ရေးသားထားပါသည်။)All Rights Reserved