ron_mixx

ကမ္ဘာမြေ ကျဥ်းကျဥ်းလေးဘဲ တစ်နေ့ပြန်တွေ့မှာပါ။......
          	
          	#

thoe_tk

@ron_mixx စောင့်နေရင်ပြန်တွေ့မှာလား
Reply

Liz_Breeze

Happy Ei Myat Moe Day ပါ [ 2/8/2023 ]
          
          ဘာလိုလိုနဲ့ ၁၂ နှစ်တည်းက အရိပ်တကြည့်ကြည့်ဖြစ်လာခဲ့ရတဲ့ ကလေးက အခုဆို ၁၄ နှစ်တောင်ဖြစ်လာပြီ
          အသက်တစ်နှစ်ကြီးလာတာကို ဂုဏ်ယူပါတယ် ညီရေ ! 
          ဖြစ်ချင်တာတွေ လုပ်ချင်တာတွေကို အကောင်ထည်ဖော်နိုင်ဖို့ပိုနီးလာမယ်လို့ထင်ပါတယ် 
          
          ထွေထွေထူးထူး မှာစရာတော့မရှိပါဘူး
          ကျန်းမာရေးပိုဂရုစိုက်ဖို့ အစစအရာရာသတိရှိဖို့ !
          ဘာလို့ဆို တစ်မိုးအောက်တစ်ယောက် အိမြတ်မိုးမလား
          
          " You're not flawless but it's enough you're perfect "
          
          တွေ့ဖူးသမျှထဲမှာ အသံတိတ်ငေးကြည့်ချင်စရာကောင်းအောင်လှပြီး ချစ်စရာအကောင်းဆုံးမိန်းကလေးပါ
          
          ဉာဏ်ကောင်းတာနဲ့တော်တာတော့ပြောစရာမလိုလည်းသိတယ်မလား 
          
          သန်မာတဲ့ကလေးဆိုပေမယ့် အမြဲသန်မာနေဖို့မလိုပါဘူး
          စိတ်ကလေးကြည်နေဖို့ ပြိုလဲချင်ရင်လည်း ဟန်ဆောင်နစရာမလိုဖို့ရယ် မှာချင်ပါတယ်
          
          အဓိကကတော့ အပြုံးတွေပိုများများရမယ့် နေ့ရက်တွေဖြစ်စေချင်ပါတယ်
          ဘယ်သူပြုံးပြုံးလှတာပဲလေ ညီပြုံးရင် အဲဒီ့ထက်ပိုအများကြီးနှစ်သက်ဖွယ်ရာလေးဖြစ်နေမှာ ..
          
          ပြည့်စုံနေပြီးသားသူမလို့ ဘာမှအများကြီးမလိုပါဘူး
          
          ပျော်ရွှင်ရပါစေ ကျန်းမာရပါစေ ကြည်လင်ပါစေ
          
          ဘုရားသခင်ရဲ့ စောင့်ရှောက်မှုနဲ့နွေးထွေးလုံခြုံပါစေ 
          ကိုယ့်ရဲ့ မြတ်နိုးရပါသောလေးရေ ♡
          
          https://youtu.be/wM6W9jrTLPc?si=3vmFWQ3UZsVDdBAp