7

4K 284 13
                                    




#Unicode


*ပိုးဟပ်ဖြူကောင် သေချာတာပေါ့ အဲ့ကောင်မျက်နှာ ခွေးချီသွားရင်တောင် မှတ်မိတယ်*




flashback Start.......

_

လွန်ခဲ့သော၁၀နှစ်ကျော်က...

.

..

လျန်ကျင်းမူလွန်အထက်တန်းကျောင်း၏ G-6 အခန်း၏ တစ်ထောင့်တစ်နေရာတွင်။


"ဟေ့ စုတ်စုတ်ပျက်ပျက်နဲ့ကောင်လေး မင်း ငါ့  ဂိမ်းစက် ခိုးသွားတာ ပြန်ပေးစမ်း အဲ့ဒါပြင်သစ်က ငါ့မေမေက ၀ယ်ပေးထားတာကွ"

"ငါ မယူဘူးကွ မင်းဘာမင်း ဘယ်နေရာမှာကျနေမှန်းမသိဘဲ ငါ့ကို လာမစွပ်စွဲနဲ့"

"ဟျောင့် မင်းရဲ့ စုတ်စုတ်ပျက်ပျက်အိတ်ထဲ ကိုထည့်လိုက်တာတွေ့လိုက်တယ် ပြန်ပေး ကောင်းကောင်းတောင်းနေတုန်းပေးနော် မဟုတ်ရင် မင်းနာမယ်"

"ငါ့ မှာ မရှိဘူးဆိုတာကို ဘာလို့လာတောင်းနေတာလဲ မရှိဘူး မယုံရင်ကြည့် ဒီမှာအိတ် ကိုပါ မှောက်ပြမယ်.."

"ဟမ်... ဘာလို့မရှိရတာလဲ "

မရှိတာကို တွေ့တာနဲ့ စွပ်စွဲလာသောကောင်လေးတွေဟာ တိုးတိုး တိုးတိုးနဲ့ ...

"ဟျောင့် မင်းသေချာထည့်လိုက်တာ မလား"

"ထည့်လိုက်တယ် သေသေချာချာကိုထည့်လိုက်တာ ဘာလို့ရှိမနေရတာလဲ"

"ငါတို့မယုံဘူး မင်း ခန္ဓာကိုယ်မှာရှိကိုရှိရမယ် ရှာကြရအောင် "

"ဟုတ်တယ် မင်း ခန္ဒာကိုယ်မှာ ဖွတ်ထားရင် ရော မင်း ချွတ်စမ်း အင်္ကျီ..! "

"ဟျောင့် ချွတ်စမ်း မင်း အင်္ကျီကို မထိချင်ဘူး ရွံလို့ကွ ချွတ်စမ်း"

"ငါ့ မှာ မရှိဘူးလို့ပြောနေတယ်နော် "

"ချွတ်စမ်း အေး မင်း မချွတ်ရင် ငါ တို့ ကိုယ်တိုင်ချွတ်မယ် "

"မင်းတို့ တရားလွန်မလာနဲ့နော် ငါကမိဘမဲ့ဂေဟာမှာနေတာ မှန်တယ် ဒါပေမဲ့ စိတ်ဓာတ်အောက်တန်းမကျဘူး ကွ "

အချစ်သံယောဇဉ်တွယ်တာရာလေး(အချစ်သံယောဇဉ်တွယ်တာရာလေး)Where stories live. Discover now