8

3.9K 274 18
                                    




#Unicode




ရိပေါ်တစ်ယောက် စိတ်ညစ်နေပြီဖြစ်သည်။

ကိုယ့်ကိုယ်ကိုယောက်ဖလို့ပြောသွားတဲ့သူကလဲည်း အာရွှမ်းရဲ့ အနှင်ကောင်းမှုကြောင့်ပြန်သွားပြီဖြစ်သည်။

ပြဿနာအဓိက,က ...

.ဟောက်ရွှမ်း သူကို ဟိုဟာ မလုပ်နဲ့

ဒီဟာမလုပ်နဲ့ဆိုပြီးသူချည်းပဲထိုင်ခ လုပ်နေခြင်း။

အ၀တ်တွေလည်းလျှော်လို့လျှော်။

ထမင်းကိုတော့ သူချက်ပါရစေ ဆိုတာကို မရ ဘူး ..

သူချက်မယ် ဆိုတာချည်းပဲ

ကျန်တာလုပ်ချင်ရာလုပ်ပါ ထမင်းလေးတော့ ကောင်းကောင်းစားချင်သေးတယ်ဆိုမှ သူ့ကိုချက်ခွင့်ပေးလေသည်။

တကယ်ပါပဲ မသိရင်သူက လူမမာကြီး ကျနေတာလဲ(。ŏ﹏ŏ)



*အာ အတွေးလွန်နေတာနဲ့ ထမင်းတူးတော့မလို့ ကံကောင်းတယ်
ဒီနေ့ဘာချက်ရင်ကောင်းမလဲ*

ရေခဲသေတ္တာထဲကိုကြည့်ကြည့်တော့ နံနံပင်အစီးလိုက်နဲ့ ငါးတချို့။

*ဟုတ်ပြီ ငါးဟင်းချက်မယ် နံနံပင်အုပ်မယ် အရည်ကိုတော့ ဟော့ပေါ့ဟင်းရည်ဖြစ်ဖြစ် ဖတ်ထုပ်ဟင်းရည်ဖြစ်ဖြစ် အားရွှမ်းကို ၀ယ်ခိုင်းမယ် .. အင်း အကြံမဆိုးဘူး*

ရိပေါ်လဲ သူချက်စရာရှိတာများကိုချက်နေရင်း UNIQ အဖွဲ့ရဲ့ Falling in love သီချင်းလေးညည်းကာ ချက်နေတော့သည်။

.
.
.
.
.
.

______


"ကျိူးချန် ငါခိုင်းတာ အကုန် အဆင်ပြေပြေရှိရဲ့လား အခန်းကရော အသာတကြည်ပြောင်းပေးရဲ့လား"

"ဟုတ်ကဲ့ပါ CEO အကုန်အဆင်ပြေပါတယ် အခန်းဘာညာအကုန်ရှင်းပြီးပါပြီ အရင်နေတဲ့သူကလဲ သပ်သပ်ရပ်ရပ်ရှိတာမို့ ထွေထွေထူးထူး ဘာမှ လုပ်စရာမရှိလိုက်ပါဘူး CEO"

"အင်း ကောင်းတယ် ဒါနဲ့ တိုက်ခန်းက တကယ် အလွယ်တကူဖယ်ပေးလိုက်တယ်လား"

"ဟုတ်ကဲ့ အဲ့ တိုက်ခန်းမှာနေတာကျွန်တော်ပါ CEO"

"အော်.. မင်းနေတာဆိုတော့လဲကောင်းတာပေါ့ မင်းအခုလောလောဆယ် နေစရာမရှိရင် ငါ့ အကိုဝမ်းကွဲတိုက်ခန်းမှာသွားနေမလား သူ လဲတစ်ယောက်ထဲနေတာ ယောကျာ်းလေးအချင်းချင်းအဆင်ပြေတယ်မလား"

အချစ်သံယောဇဉ်တွယ်တာရာလေး(အချစ်သံယောဇဉ်တွယ်တာရာလေး)Where stories live. Discover now