9

3.7K 268 10
                                    


#Unicode

_

"ဟေ့ ကောင်လေး မင်း ကိုယ့် ကို ဒီတိုင်းပဲငေးကြည့်နေတော့မှာလား"

"...."

" ကြည့်ရတာ ကောင်လေးကစကားမပြောတက်ဘူးထင်တယ်"

* ဘာ!!! သောက်ချောကြီးငါလေး ခနလေး ငေးမိပါတယ် အ,အ လို့တောင်အထင်ခံရသေး ဟွန့် ချောတဲ့လူတွေများ ကောင်းကိုမကောင်းကြဘူး *

"ဘာ.. ဘာ ကိုငေးကြည့်ရမှာလဲ ဖယ် ခင်များ ပိတ်ရပ်မနေနဲ့ လူက အထုတ်အပိုးတွေကြောင့် မောရတဲ့ကြားထဲ "

ကျိုးချန်လည်း အပေါက်ဝပိတ်ရပ်နေတဲ့သူကို တွန်းထုတ်ကာ ခုံပေါ်ဝင်ထိုင်ကာ အထုတ်တွေကို ဘေးနားချပြီး ခုံပေါ်က ရေခွက်ကိုယူသောက်လိုက်သည်။

"ဟာ ဟေ့ ကောင်လေး ဘာလို့ ကိုယ် သောက်မဲ့
ရေကိုယူသောက်ရတာလဲ"

" ဘာဖြစ်လဲ ယူသောက်တော့ လူကမောရတဲ့ကြားထဲ ခင်များ သိပ်စကားများတာပဲ "

"ဟာ မင်းမောတာနဲ့ ကိုယ့်ရေ ခွက်ကိုယူသောက်ရရောလား"

"ခင်များက မကျေနပ်ဘူးလား"

ပြောမရဆိုမရကောင်လေးကို ဘာမှပြောမနေတော့ဘဲ အရင် ဆိုဖာပေါ်ထိုင်ကာ ခွက်ကို နောက်မှူာ လွှင့်ပစ်လိုက်တော့မည်။

" ဆိုပါဦး သူများ တိုက်ခန်းထဲ ဇိုးဇိုးဇတ်ဇတ် တက်လာတဲ့အကြောင်းလေး"

"ခင်များ စကားကို ဆင်ခြင် ကျွန်တော်က
လာချင်လို့လာနေရတယ်များထင်နေတာလား မတက်သာလို့လာနေရတာဗျ"

သူက အေးအေးဆေးဆေး မေးလိုက်သော်လည်း ဒေါသသံဖြင့် ပြောလာသောကောင်လေးကိုကြည့်ကာ ဟိုက်ခွမ်းတစ်ယောက် စိတ်ထဲ အသည်းယားလာသလို၊ဘာလိုလိုနဲ့ အမျိုးအမည်မသိတဲ့ ခံစားချက်လေးကို ခံစားလိုက်ရသည်။

" မတက်သာလို့လာနေရတဲ့ အကြောင်းလေးကို ပဲ ပြောခိုင်းနေတာ"

" မပြောချင်တော့ပါဘူး"

" မပြောချင်လဲ ပြောမှရမယ် "

"ခင်များဆိုသည်မှာလေ ကျွန်တော်က စကားအဖြစ်ပြောလိုက်တာပါဗျာ"

အချစ်သံယောဇဉ်တွယ်တာရာလေး(အချစ်သံယောဇဉ်တွယ်တာရာလေး)Where stories live. Discover now