10

3.9K 260 4
                                    



#Unicode


_

___

ဝမ်လေးရဲ့အခန်းကထွက်လာပြီး အပြင်ရောက်တော့ သူမသွားသေးဘဲ ထွက်လာမဲ့ ကျိယန်ကိုစောင့်နေလိုက်သည်။

သိပ်မကြာလိုက် အူမြူးကာ ထွက်လာသောကျိယန် ။

*အင်း သူလဲ အဲ့လို မကြာခင် ပေါက်စီလုံးလေးနဲ့ ချစ်ကြည်နူးရတော့မှာပါ*

"ဟေ့ကောင် မှုန်ကုပ်မနေနဲ့ မင်း မျက်နှာကိုပြင်ဦး မနာလိုဖြစ်နေတာမှတ်လား"

"အင်း "

မဟုတ်ဘူးလို့တောင်မဖြေနိုင်ဘဲ တည့်တိုးကြီးဖြေလာသော ကျန့်။

"ဒါနဲ့ မင်းက အချစ်ရဲ့ညီ အနားကို ကပ်နေတာ ဘာကြောင့်လဲ"

" မင်းလူမဟုတ်ရင်ပြီးပြီမလား လျှာကျောရှည်မနေနဲ့"

"အင်း ဟုတ်တာတော့ ဟုတ်တယ် ဒါပေမဲ့ အဲ့ကောင်လေးက အချစ်ရဲ့ညီ၊ မင်းက စီးပွားရေးလောကမှ ဖျံကျတဲ့ နှစ်ယောက်မရှိတဲ့ Xiao Zhanလေ  မင်းဘယ်လိုလူလဲဆိုတာ ငါသိသလို ငါဘယ်လိုလူလဲဆိုတာမင်းလဲသိတာပဲ အချစ်ရဲ့ ညီလေးက ရိုးရိုးလေးနေချင်တဲ့ပုံပဲကွ"

"အင်း ဟုတ်တယ် ကလေးက ရိုးရိုးလေးနေချင်ပေမဲ့ ငါကတော့ ကလေးကိုအပိုင်ရအောင်ကြိုးစားမယ်..

မင်းနဲ့ငါ စီးပွားရေး တွဲဖတ်တွေမဟုတ်ဘဲ အချစ်ကိုရယူဖို့ကြိုးစားနေတဲ့ ညီအကို ယောက်ဖ လုပ်ကြမလား"

"မင်း မဆိုးပါဘူး လုပ်ကြတာပေါ့ "

" OK ဒါဆိုအခု ငါတို့ သူငယ်ချင်းညီအစ်ကို ယောက်ဖဖြစ်သွားပြီ"

နှစ်ယောက်သားအကြည့်ချင်းဆုံစေပြီးတစ်ယောက်နဲ့တစ်ယောက်ပြုံးပြကြပြီး ဟို ညီအစ်ကို နှစ်ယောက်ကို ရဖို့အရေး ကို့ အရေး ဟု စိတ်ထဲတွင်ကြွေးကြော်နေကြလျက်......။



________________________
.

.

.

ရိပေါ်လေးသည် ထုံးစံအတိုင်း Apron လေး ၀တ်ကာ ဟင်းချက်နေလျက် ပြင်ဆင်ကာဆင်းလာသောဟောက်ရွှမ်းကိုမြင်တော့...။

အချစ်သံယောဇဉ်တွယ်တာရာလေး(အချစ်သံယောဇဉ်တွယ်တာရာလေး)Where stories live. Discover now