11

3.4K 247 4
                                    

#Unicode

*

***

ကျိုးချန် ထွက်သွားတဲ့လူကြီးကို ကြည့်ကာ နှာခေါင်းရှုံကာဖြင့်

*ဒီလူကြီး ဒီလောက် ဇီဇာကြောင်တာ ဒီတစ်သတ် မိန်းမရမယ်ကိုမထင်ဘူး*

" အင်း ကိုယ့် အထုတ်ကိုယ်နေရာချတာပဲကောင်းတယ် အရေးမပါတဲ့ စည်းကမ်းတွေ ကို ကြည့်ပြီး အချိန်ကုန်လို့မဖြစ်ဘူး လူက ပင်ပန်းရတဲ့ကြားထဲ "

ကျိုးချန်ကိုယ့် အခန်း ကိုယ်ဝင်ကာနေရာချပြီး အိပ်ယာပေါ်လဲချကာ အိပ်လိုက်သည်။

ရေမချိုးရသေးဘဲတော့  မအိပ်တက်သောအကျုင့် ကြောင့် ရေအရင်ချိုးဖို့ဆုံးဖြစ်လိုက်သည်။

ကျိုးချန် ရေချိုးရန်ပြင်လိုက်ပြီး အခန်းထဲဝင်လိုက်သည်။

သေချာကြည့်မှ ဟိုလူကြီးရဲ့ ပစ္စည်းတွေကလုံးဝ brandedတွေချည်းပဲ၊

အေးလေ Bossရဲ့အစ်ကိုပဲ အဲ့လောက်တော့ သုံးမှပေါ့။

ကျိုးချန်ရေချိုးပြီး အပြင်ထွက်လာတော့ ရေခဲသေတ္တာဖွင့်ကာ ရေဘူး ယူမည်အပြု။

" ဟေ့ ကောင်လေး မင်းကို ဘာပြောထားလဲ ကိုယ့်ပစ္စည်းကို မထိနဲ့ "

" ခင်များ အဖြစ်သည်းမနေနဲ့ ရေ တောင် မသဒ္ဒါဘူးလား တွန့်တိုလိုက်တာ"

" မင်းးး  တော်ပြီ အဲ့ဘူးကို ဒီတိုင်းမထားခဲ့နဲ့ ကိုယ့်အခန်း ကိုယ်ယူသွား"

ကျိးချန်လဲ ဘာမှမပြောဘဲ ထွက်လာခဲ့သည် ရေဘူး ယူဖို့လဲ မမေ့.။

ကျိုးချန် အင်္ကျီဘာညာဝတ်ပြီးတော့ အိပ်တော့မယ် ဆိုပြီး လှဲလိုက်ပေမဲ့ ရေချိုးပြီးခါစ မို့ လန်းနေတော့အိပ်မရ ..၊

အာ.. သူမေ့နေတာ သူ ညစာ မစားရသေးဘူး။

ခနနေတော့ ရလာတဲ့ ဟင်းနံ့

* အားပါး.. အတော်လေး စားကောင်းမဲ့ပုံပဲ
တိတ်စမ်း..!  စားကောင်းကောင်း မကောင်းကောင်း  ဟိုမင်းကိုကျွေးမယ် မထင်နဲ့ ကိုယ့်ဖာသာ ကိုယ် ချက်စားရမှာ*

ကျိးချန် အပြင်ထွက်လာတော့ မီးဖိုခန်းထဲက နေ စားပွဲပေါ်သို့ ဟင်းအမယ် စုံလင်စွာကို တင်ပြီး စားရန်ပြင်နေသော ခွမ်းကော ဆိုတဲ့လူ။

အချစ်သံယောဇဉ်တွယ်တာရာလေး(အချစ်သံယောဇဉ်တွယ်တာရာလေး)Where stories live. Discover now