#Unicode
.
............
ရိပေါ်တစ်ယောက် အခန်းထဲမှာပဲနေ,နေရတော့ အတော်လေးပျင်းနေပါသည်။
အမြဲအလုပ်,လုပ်နေသူမို့.. ခြေ
ထောက်က အဲ့လောက်လည်း မနာဘဲ ၅ ရက်ကြီးများတောင် နားနေရတာ အတော်လေးပျင်းပါသည်။မနက်တိုင်း ကျန့်ကောကို ထမင်းဘူးထည့်ပေးရတာလည်း သူ့အတွက် တာဝန်တစ်ခုလိုဖြစ်နေပြီဖြစ်သည်။
ကျန့်ကောကလည်းနေ့တိုင်း ဆိုသလို သူထမင်းဘူးစားရလို့ဆိုပြီး ပျော်နေတာများ ပြောမနေနဲ့ ...
အင်း.. ကျန့်ကောက သူနဲ့ ဘ၀တူနေတာဆိုတော့ အိမ်ထမင်းဘာညာစားရမှာ မဟုတ်လောက်ဘူး အဲ့တာကြောင့်ဖြစ်မယ်
ကောပြုံးနေတာတွေ့ရင် ကိုကို့ကို သတိတော့ရသားရယ်
ကိုကိုရေ ခင်များဘယ်မှာများလဲဗျာ.....
အခုဆို သူနားနေတာ ၃ ရက်ရှိနေပြီ
မနက်အလုပ်သွားရန် စိတ်ကူးလိုက်သည်။သူလည်း ပျင်းတာနဲ့ ရိထျန်းကို ဖုန်းဆက်လိုက်သည်။
၁၂ထိုးပြီဆိုတော့ အလုပ်အားနေမယ်ထင်တယ်
~~တူ~~တူ~~
ရိထျန်း အချိန်အားတုန်းလေး ထမင်းစားနေတုန်း ဖုန်းသံ ကြားလို့ ကောက်ကိုင်လိုက်တော့..။
" ဝေ.. ကမ္ဘာအချောဆုံးအခန့်ဆုံးတစ်မိုးအောက်တစ်ယောက်ဖွှား ရိထျန်းပြောနေပါတယ်"
" အမယ် ရိထျန်း ခွေးကောင် ကိုယ့်ကိုယ်ကိုညွှန်းနေတာများ မပြောချင်ဘူးနော်"
" အိုး ငါတို့ရဲ့ ၀မ်တိတိလေးပဲ
ဆိုပါဦး ရုတ်တရက် ပျောက်သွားရတဲ့ အကြောင်းလေ"" အင်း ခြေထောက်နည်းနည်း အဆစ်ရောင်သွားလို့ပါကွာ မင်းတို့ အလုပ်တွေ ကြပ်နေလား"
"ဟင် ဟုတ်လား အဆင်ပြေရဲ့လား ငါတို့ကိုနည်းနည်းပါးပါးမပြောဘူး မင်းမလာလို့ စိတ်ပူနေတာ
ဟိုဘွားတော်ကြီးကလဲ ပွားလိုက်တာမှ ပြောမနေနဲ့ အလုပ်ကြပ်ချက်ကတော့ ငါတို့ ၄ယောက်ကိုပဲ ဖိခိုင်းနေသလားပဲ"
YOU ARE READING
Fanfictionxiao zhan - seme wang yibo-uke #zsww #zhanyi Start.. 14/1/2020 End. .. Uni+zawgyi ဒီfic လေးက birthday present လေးပါ မမကေခိုင် အတွက်ပါ မမရေ ပေးလိုက်ပြီနော်