13

3.3K 239 8
                                    


_

#Unicode

_


_____

X company ကိုရောက်တော့ Xiao Zhanသည် အတူတူသွားချင်ပေမဲ့၊

သူ့ကို ဒီရုံးမှာ ရိပေါ်က လွဲရင် အကုန်လုံးက CEOမှန်းသိကြတော့ အတူတူသွားပါပြီရဲ့ ထားဦး.. သူ့ကို CEOလို့နှုတ်ဆက်တော့ သူ့ပေါက်စီလေး သိရင် ဂွိနေဦးမယ်

" ကျန့်ကော ကျွန်တော် ဒီနားမှာ တစ်ခုခုဝယ်စရာရှိလို့သွားလိုက်ဦးမယ်"

" အင်း အဲ့ဒါဆို ကိုယ်အရင်သွားပြီနော်"

ရိပေါ်ကျန့်ကောကို ပ,ထုတ်လိုက်ခြင်းသည်ခုနက သူ ကားပေါ်ကနေကြည့်နေတာ  ရုံအောက်က ရေခဲမုန့်ဆိုင်လေး ..။

အဟင်း ထို့အတွက် သူ ကျန့်ကောကို အရင်သွားခိုင်းလိုက်ခြင်း။

ကျန့်ကောကိုပြောရင် သူ စားရမှာမဟုတ်ဘူး စောစောစီးစီး အအေးတွေစားနေတယ်ဆိုပြီး ဆူနေဦးမယ်‌။

ရိပေါ်  ရေခဲမုန့် ဆိုင်သွားလိုက်သည်။

" ညီ ဘယ်ရောင် စားမလဲ"

" အင်း....Strawberry"

"Strawberry "

အသံပြိုင်ကြားလို့ ရိပေါ်လှည့်ကြည့်လိုက်တော့ ကြည့်ရတာ ကျန့်ကောတို့လိုဂုဏ်သရေရှိလူကြီး တစ်ယောက်ပါပဲ၊

ကလေးကလားနဲ့ ရေခဲမုန့် တွေ စားနေတယ်. ဘယ်လိုလူပါလိမ့်...

ကားပေါ်က သားငယ်လေးရဲ့ပူဆာမှုကြောင့် Mike ရေခဲမုန့်လာဝယ်ခြင်းဖြစ်သည်။

ရုပ်ကလေးက ကလေးလိုနဲ့ ချစ်ဖို့ကောင်းတဲ့ကောင်လေးကလဲ ရေခဲမုန့်လာဝယ်စားပုံပဲ..

" ညီ အကို့ကို အရင်ပေးနိုင်မလား ကားပေါ်မှာကလေးက ကောက်နေလို့ မြန်မြန်သွားရမှာမို့"

" အယ် ရမလား ကျွန်တော် အရင်မှာနေတာလေ အစ်ကို ကျွန်တော် အရင်လာပြီး ကျွန်တော် အရင်မှာတာ ဟုတ်တယ်မလား အဲ့တော့ ကျွန်တော့်ကို အရင်ပေး"

*ကြည့် ခုနက ချစ်ဖို့ကောင်းတယ်ပဲထင်နေတာ စွာတာတာလေးပဲ တမျိုး ကလေးအတွက်ပါဆိုတာတောင် အနိုင်ပိုင်းချင်နေသေးတယ် တကာ်ါငစွာလေ  *

အချစ်သံယောဇဉ်တွယ်တာရာလေး(အချစ်သံယောဇဉ်တွယ်တာရာလေး)Where stories live. Discover now