14

3.1K 227 9
                                    

~Unicode~

___

" ၀မ်ရိပေါ်"

ရိပေါ် သူ့နာမည်ရဲ့ခေါ်သံကိုလည်းကြားရော သူ အတော်လေးစိတ်တိုနေပြီ ။

*အခုထိခိုင်းလို့မပြီးနိုင်သေးဘူးလား*

ရိပေါ်လည်း မတက်နိုင်ဘဲ ခေါ်တော့လည်း သွားလိုက်လေသည်။

" ဟုတ်ကဲ့ အစ်မလော့"

" အိုး ၀မ်ရိပေါ် တို့ ကို ဒီလမ်းကြားထဲမှာပဲရှိတဲ့  ZYကဖေးဆိုင် က သောက်စရာ တစ်ခုခုသွားဝယ်ပေးနိုင်မလား..
Green teaဖြစ် တစ်ခုခုပေါ့ ဒီနေ့ဌာနခွဲတွေက တို့ သူငယ်ချင်းတွေရောက်နေပြီမို့ အခုသူတို့ အကိုလျိုကျူဆီသွားနေလို့ အဲ့ဒါမိနစ်၂၀အတွင်းဝယ်ပေးနိုင်မလား"

" အစ်မလော့ ကျွန်တော် အလုပ်လာလုပ်တာ အမရဲ့ ကိုယ်ရေးကိုယ်တာ အတွက် ခိုင်းဖို့မဟုတ်ဘူး"

" တိတ်စမ်း ဘာပဲဖြစ်ဖြစ် မင်းကို အကူအညီတောင်းနေတာပဲ မင်းသွားရမှာပေါ့"

" ဒီမှာ အစ်မ ကျွန်တော် ပြောတာရှင်းရှင်းလေး ကျွန်တော် အခု အလုပ်လာတာ အစ်မရဲ့တောက်တိုမရကိစ္စအ၀၀ကို လုပ်ဖို့လာတာ မဟုတ်ဘူး"

လော့ရှားဟန် ဒေါသထွက်နေသော်လည်းစိတ်ကိုလျော့ကာ ငြင်သာသောအသံနဲ့ပြောလိုက်သည်။

" အာ ငါ့မောင်ရယ် ကူညီပါနော် အစ်မ တကယ်ကို မအားလို့ပါ အမ ဘယ်လောက်အလုပ်များနေတာလဲဆိုတာမောင်လေးလဲတွေ့တာပဲလေ "

အလုပ်များနေတယ်..! ကြည့်လိုက်တော့ သူစားပွဲပေါ်မှာ ဖိုင်မပြောနဲ့ စာရွက်တစ်ရွက်တောင်မတွေ့ဘူး။
ဒီအလွှာမှာ သူကလွဲရင်ကျန်တဲ့သူများဟာ ဟိုပြေးဒီလွှားနဲ့ အငြိမ်ကိုနေမရ လိမ်ပြောချင်ရင်လဲ ပိပိရိရိပြောမှပေါ့ အစ်မရယ်

" လုပ်ပါ ငါ့မောင်ရယ် အစ်မ သွားရင် ဒီမှာ အထက်လူကြီးမရှိတော့ အလုပ်မလုပ်ကြမှာလဲစိုးရသေးတယ် ပြီးတော့ အစ်မသူငယ်ချင်းတွေလာရင်လဲ သူတို့မတွေ့ရင် ထွက်သွားကြမှာလဲစိုးလို့ပါ ကူညီပါနော်"

ရိပေါ်လဲနားအပူမခံနိုင်တာကတစ်ကြောင်း  နဂိုစိတ်ရင်းခံလေးကလည်း ကောင်းသောကြောင့် သွားဝယ်ပေးဖို့ဆုံးဖြတ်လိုက်သည်။

အချစ်သံယောဇဉ်တွယ်တာရာလေး(အချစ်သံယောဇဉ်တွယ်တာရာလေး)Where stories live. Discover now