15

3.6K 244 4
                                    

#Unicode

_



____

"ကျန်းရွှမ်းလု"

" မမလု"

မဲ့ပြုံးနဲ့ကြည့်နေတဲ့မမလုသည် အတော်လေး ဒေါသထွက်နေပုံပင် ။

ဒေါသမျက်လုံးနဲ့ မဲ့ပြုံးမျက်နှာနှင့်မို့

သူအရင်သိခဲ့သော အပြုံးချိုချိုလေးနဲ့ မမလု  လားလားမှမဆိုင်။

  အရိုက်ခံရတဲ့သူ အစ်မလော့ ကတော့ မီးဝင်းဝင်းတောက်နေတဲ့ ဒေါသ မျက်လုံးတို့ဖြင့် လက်ပြန်ရွယ်လိုက်သော်လည်း.........။

" ရပ်လိုက်စမ်း "

၀မ်ကျူလျှို ရဲ့ စကားတစ်ခွန်းကြောင့် လော့ရှားဟန်ရဲ့ မြောက်တက်သွားသော လက်ဟာဖြင့် လေပေါ်မှာ ရပ်တန့်သွားရသည်။

"အကိုကျူလျို "

" အဟက် မထင်ထားမိဘူး မင်းကို အစကတည်းကသတိပေးခဲ့တာကို အခုတော့ လက်ပူလက်ကြပ်မိပြီပေါ့ "

" မဟုတ်ဘူး အကို လော့လော့ကို  သူ အရင် ရိုက်တာ ဒီမှာကြည့် "

ဟုဆိုကာ သူ့ ရဲ့ ပါးနှစ်ဖက်ကိုပြလို့ ပြောလာတော့ ၀မ်ကျူ လျှို ဟာ အရေးမစိုက်သည့်အပြင်

" အမလု အနှာက်အယှက် ပေးမိပါပြီ ကျန်တဲ့ကိစ္စကျွန်တော်ရှင်းလိုက်ပါ့မယ် အခု CEO က ရုံးခန်းကို အရင် လာခဲ့ပါတဲ့ "

ရွှမ်းလု ဘာမှမပြောဘဲ ခေါင်းတစ်ချက်ငြိမ့်ပြကာ ထွက်မသွားသေးဘဲ လောရှားဟန်ကို ကြည့်ကာခြေတစ်လှမ်း လမ်းလိုက်ကာ ရှေ့တိုးလိုက်တော့ လော့ရှားဟန်က ကြောက်နေဟန် နောက်သို့ ဆုတ်သွားသည်။
ရွှမ်းလု ဟာ မဲ့ပြုံး ပြုံးလို့ လော့ရှားဟန်ရဲ့ သူငယ်ချင်းဆီကကော်ဖီဘူးကိုယူလိုက်ပြီး အဖုံးဖွင့်ကာ ပါးရိုက်ရုံနှင့်မကျေနပ်လို့ ကော်ဖီနှင့်ပါ ခေါင်းပေါ်လောင်းချလိုက်တော့သည်။

လော့ရှားဟန်ပါ မက အခြားသောသူများပါ အံ့သြနေကြလျက် တကယ်ကိုမထင်မှတ်ထားတာမို့ အကုန်လုံးဟာ အကြောင်သားနဲ့ မလှုပ်မယှက် ရပ်နေကြလေသည်။

~~ဒုန်း~~

ရုတ်တရက် ဒုန်းကနဲ အသံမြည်ကာ တံခါးဖွင့်သံနှင့်အတူ ရိပေါ်နှင့်အတူကြောင်ရပ်နေသောသူများဟာ တံခါးဘက်ကိုကြည့်တော့ "၀မ်ကျိုးချန်"

အချစ်သံယောဇဉ်တွယ်တာရာလေး(အချစ်သံယောဇဉ်တွယ်တာရာလေး)Where stories live. Discover now