16

3.7K 240 0
                                    



#Unicode



_


____

ကျိုးချန်ကတော့ CEOလာလို့၀မ်းသာအားရခေါ်ကာ ပြောလိုက်ပေမဲ့ CEOရဲ့ သေချင်နေပြီလားဆိုတဲ့အကြည့်   ။

ရိပေါ်ဆိုတဲ့ကောင်လေးက CEOကို ဘာသဘောလဲဆိုတဲ့အကြည့်။

ကျိုးချန်မှာ ဘယ်သူ့ကိုကြည့်ရမလဲမသိတော့ဘူး ။

တစ်ယောက်ယောက်များကယ်တင်ပေးကြပါ ကယ်တင်မပေးနိုင်ဘူးလား အဟင့် ငါလေး ဘာလုပ်မိလို့လဲ ဘာများမှားသွားလို့လဲ ?...!

"ကျိုးချန် သွားတော့"

Xiao Zhan ရဲ့ ခွင့်ပြုချက်ရသည်နှင့် ကရောကပါး‌ပြေးထွက်သွားတဲ့ ကျိုးချန်။

သူ ဒီအခြေအနေကြီးက ထွက်သွားချင်နေတာဖြင့် ကြာလှပြီဖြစ်သည်။

ရိပေါ်သည် ကျိုးချန်ကော ထွက်သွားသည်နှင့် ဘာမှ မပြောတော့ဘဲ သူ့အင်္ကျီတွေကိုသာ ဆေးနေတော့သည်။

ဘာစကားစပြောရမလဲ မသိတာက Xiao Zhan ပင် ..။

*ပေါက်စီလုံးလေးဟာ သူ CEOမှန်းသိသွားပြီ
ပြီးတော့ သူလိမ်ထားတာလဲ သိသွားပြီဆိုတော့
ဟူးးး ဘယ် က စကားစပြောရမလဲ သူက ငယ်ငယ်က ပေါက်စီလုံးလေးရဲ့ ကိုကို ပါလို့ ပြောရမှာလား

မိဘမဲ့ ဆိုတာပါ လိမ်ထားတာဆိုတော့ အိုက်ယား Xiao Zhan ရာ Xiao Zhan မင်း အစ ကတည်းက မလိမ်ခဲ့သင့်ဘူး အခု ဘယ်က စကား စ ရတော့မလဲ *

ရိပေါ် သူ့အကျီတွေကို ရေဆေးနေတုန်း တွေးမိသည်။

ကျန့်ကောက သူ့ကို ဘာလို့ လိမ်တာလဲ ကျန့်ကော ပြောတဲ့ မိဘမဲ့ဆိုတာကလည်း လိမ်ထားတာပဲပေါ့ ကျန့်ကောက သူ့ကိုလိမ်တော့ရော ဘာရမှာမိုလို့လဲ *

ရိပေါ် ဆေးလို့ပြီးတော့ ထွက်မယ်လုပ်တော့...။

" ရိပေါ်.. ကောကလေ.."

" ဟုတ်ကဲ့ CEO ကျွန်တော်သွားလိုက်ပါဦးမယ်"

*အိုက်ယား Xiao Zhan မင်း ပေါက်စီလေး ကိုအမှန်တိုင်းပြောပြလိုက်တော့  ဟုတ်တယ် ဒီနေ့မှ မင်း ၀န်မခံရင် မင်းကိုလူလိမ်လို့ ထင်သွားလိမ့်မယ် မနက်ဖြန် ထမင်းဘူးနဲ့ ဝေးပြီပဲ
*

အချစ်သံယောဇဉ်တွယ်တာရာလေး(အချစ်သံယောဇဉ်တွယ်တာရာလေး)Where stories live. Discover now