17

3.5K 244 2
                                    


#unicode


။။


ရိပေါ်အား ပွေ့ချီထားလျက်ရောက်လာသော Xiao Zhanကိုကြည့်ကာ ယွီပင်း မျက်မှောင်ကျုံ့မိလိုက်သည်။

ဒီတစ်ခါ ဘာဖြစ်ပြန်ပြီလဲ

" ခင်များ ကျွန်တော့်ဖာသာလျှောက်မယ် အောက်ချပေးဆို"

" ပေါက်စီလုံးလေး ငြိမ်ငြိမ်နေ ကိုကိုရိုက်မှာနော်"

" ခင်များ ရိုက်ရဲလား"

" မရိုက်ရဲဘူးထင်လို့လား"

" ရိုက်ရဲရင် ရိုက်ကြည့်လိုက်လေ"

တကယ့်ကို ယွီပင်း စိတ်လေပြီ။

ဘယ်နှယ့် ချစ်ကြည်နူးချင်ကြတယ်ဆိုလဲ ပန်းခြံသွားပေါ့ အခုဟာ ဆေးခန်းလာပြီး အချစ်စမ်းနေကြတယ် ...!!

" ကဲ ၂ယောက်လုံးတော်ကြတော့ ဘာဖြစ်လာပြန်တာလဲ"

အသံခပ်မာမာနဲ့ပြောလိုက်မှ အကြည့်ချင်းစစ်ခင်းနေသူနှစ်ယောက်ဟာ ယွီပင်းအား လှည့်ကြည့်လာသည်။

ယွီပင်းရဲ့မာတင်းနေတဲ့မျက်နှာကို မြင်မှ သွားလေးဖြီးပြကြပြီး။

" ယွီပင်း ငါ့ကလေးလေးရဲ့ခြေထောက် အခြေအနေကောင်းရဲ့လား ကြည့်ပေးပါဦး"

ယွီပင်းလည်း  Xiao Zhanစကားကြောင့် စစ်ဆေးကြည့်လိုက်တော့ခြေဆစ်ရဲ့ရောင်နေတဲ့နားက ပို၍ပင်ရောင်နေသောကြောင့် မျက်ခုံးများတွန့်ချိုးမိသွားသည်။

" ကောင်လေး မင်းရဲ့ခြေထောက်ကို သိပ်မသုံးနဲ့လို့ပြောလိုက်တာကို  ကလေးတွေလို ခုန်ပေါက် ကစားနေလို့ပြန်ရောင်နေပြန်တာလား"

ယွီပင်းရဲ့စကားကြောင့် မျက်နှာလေးမဲ့သွားတဲ့ ပေါက်စီလုံးလေးကြောင့် သူ့ကလေး ကိုအော်တဲ့ ယွီပင်းကို....။

" ဟေ့ဟျောင် ဘာမှမသိဘဲမပြောနဲ့ ဘယ်သူကတော့ ဒီအရွယ်ထိ ကလေးလိုခုန်ပေါက်ကစားမှာလဲ
စဉ်းစဉ်းစားစားပြောဦး ဆရာဝန်လုပ်နေပြီး ဦးနှောက်မရှိတာ ဒါကြောင့် ဟိုကောင်လေးက ပြန်မကြိုက်တာ"

"Xiao Zhan......!!"

" အနာရှိတော့ စပ်သွားတာလား မရည်ရွယ်ပါဘူးကွာ ဟားဟား"

အချစ်သံယောဇဉ်တွယ်တာရာလေး(အချစ်သံယောဇဉ်တွယ်တာရာလေး)Where stories live. Discover now